spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးအလှပ်ရေတားတမံအား တစ်လအတွင်း ပြန်လည်လုပ်ပေးရန် ညွှန်ကြားထား

    အလှပ်ရေတားတမံအား တစ်လအတွင်း ပြန်လည်လုပ်ပေးရန် ညွှန်ကြားထား

    -

    ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့က ပင်လယ်ဒီရေလှိုင်းတိုက်စားမှုကြောင့် ပြိုကျပျက်ဆီးသွားသော မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ ရေတားတမံအား ယခုလ တစ်လအတွင်း ပြန်လည်လုပ်ပေးရန် မွန်ပြည်နယ် ဆောက်လုပ်ရေးဦးစီးဋ္ဌာနကို ညွှန်ကြားထားကြောင်း ဇွန် (၁) ရက်နေ့ မွန်ပြည်နယ်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့သည်။

    ၄င်းရေတားတမံကို မွန်ပြည်နယ်အစိုးရဘတ်ဂျက်ငွေကျပ်သိန်း ၄၅၆၀ အကုန်ကျခံကာ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ဆောက်လုပ်ပြီးစီးခဲ့ပြီး မေလ ၂၇ ရက်နေ့က ပြိုကျသွားခဲ့ကြောင်း သိရသည်။

    ပြိုကျပျက်စီးသွားသည့် အလှပ်ရေတားတမံအား မွန်ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစဉ်(MNA)

    “ဆောက်လုပ်ရေးဋ္ဌာနက သူတို့မှာ တာဝန်ရှိတဲ့အတွက် အခုရေတားတမံကို နည်းပညာအသစ်နဲ့ ဆောက်ထားတဲ့အင်ဂျင်နီယာတို့ကပဲ တာဝန်ယူပြီးတော့ တစ်လအတွင်း ပြန်လုပ်ပေးရမယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ၄င်းရေတားတမံကို တည်ဆောက်ထားသည့် နည်းပညာပိုင်း လိုအပ်မှုကြောင့် ပြိုကျရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆက်ပြောသည်။
    ဒီရေတောမရှိခြင်း၊ နှစ်စဉ် ဝါဆိုလ၊ ဝါခေါင်လများတွင် ရေလွှမ်းမိုးမှုဒဏ်ကြုံနေရပြီး နေအိမ်အချို့ ပျက်စီးမှုများရှိခဲ့ကြောင်း အလှပ်ကျေးရွာဒေသခံတို့မှ သိရသည်။

    ထို့အတူ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိန်းကာကွယ်ရန် ဒီရေတော (၁၅) ဧကလောက် စိုက်ပျိုးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ခွင့်ပြုပေးခဲ့ပြီး ဇွန် (၂) ရက်တွင် စတင်စိုက်ပျိုးသွားမည်ဟု မွန်ပြည်နယ်သစ်တောဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးမှ သိရသည်။

    မုတ္တမကမ်းရိုးတန်းဒေသရှိ အလှပ်ကျေးရွာအနီးပတ်ဝန်းကျင်တွင် ဒီရေများဝင်ရောက်နေမှုဒဏ်ကာကွယ်ရန် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် အရှည်ပေ ၁၂၀ဝ ရှိသည့် ပင်လယ်ရေတားတမံတစ်ခု တည်ဆောက်ခဲ့ပြီးနောက် တစ်လလောက်ခန့်အကြာတွင် ရေတားတမံ ၂၅% ရာနှုန်းခန့် ပျက်ဆီးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks