spot_img
Saturday, January 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျောက်မီးသွေး လက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိဟု မွန်ဝန်ကြီးချုပ်ဆို

    ကျောက်မီးသွေး လက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိဟု မွန်ဝန်ကြီးချုပ်ဆို

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်ပြီး ဇွန်လ ၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ကျောက်မီးသွေးကို လက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိဟု ဝန်ကြီးချုပ်က ရှင်းလင်းပြော ဆိုခဲ့သည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) မှ ကျောက်မီးသွေးနှင့် စက်ရုံလည်ပတ်နေခြင်းဖြစ်ပြီး ကျောက်မီးသွေးအ စား အခြားလောင်စာဖြင့် ပြောင်လဲသုံးစွဲရန်ရှိ/မရှိ သတင်းထောက်၏ မေခွန်းအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြန်လည် ရှင်းပြခဲ့ခြင်းဖြစ်သည်။

    ဇွန်လ ၁ ရက်နေ့ မွန်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲ(MNA)

    ဝန်ကြီးချုပ်ဒေါက်တာအေးဇံက “ကျောက်မီးသွေးနဲ့ ထုတ်လုပ်ရင် တစ်ယူနစ် ၇၀ ကျပ်သာကျသင့်မယ်။ ရေအားဖြစ်လျှပ်စစ်က ဈေးအပေါ်ဆုံးပဲ။ ဂက်စ်နဲ့ဆိုတစ်ရာနဲ့ နှစ်ဆယ်ကျပ်။ ကျောက်မီးသွေးကိုလက်မခံ ဘူးဆို ရင်တော့ ဖွံ့ဖြိုးမှု တိုးတက်မှုမရှိဘူး။ အဲဒါကိုတော့ သေသေချာချာဖတ်ပါ- မှတ်ပါ-လေ့လာပါ” ဟု ဆိုသည်။

    မည်သည့်နိုင်ငံမှ ကျောက်မီးသွေးမသုံးဘဲ မတိုးတက်ကြောင်း၊ ထိုင်းနိုင်ငံမှာလည်း ကျောက်မီးသွေးအသုံးပြုနေကြောင်းနှင့် ချမ်းသာသည့် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံမှာလည်း ကျောက်မီးသွေးလျှပ်စစ်စွမ်းအားစက်ရုံအများကြီးရှိကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

    ထို့အတူ “MCL စက်ရုံမှာလဲ တကယ်လို့ Clean Coal နဲ့ ပုံစံတကျသုံးမယ်ဆိုရင် ဘာအန္တရာယ်မရှိဘူးဆိုတာ ကျနော်တို့ လေ့လာတွေ့ရှိထားပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန် က ပြောသည်။

    လက်ရှိမြန်မာနိုင်ငံတွင် ဂတ်(စ်)မှ လျှပ်စစ်စွမ်းအင် (၅၀) ရာခိုင်နှင့် ရေအားမှ (၅၀) ရာခိုင်နှုန်း ထုတ် လုပ်လျက်ရှိရာ နွေရာသီတွင်ရေခန်းခြောက်မှုကြောင့် လျှပ်စစ်မလုံလောက်မှုဖြစ်လေ့ရှိပြီး ဂပ် (စ်) သည်လည်း ၂၀၂၁ ခုနှစ်ရောက်လျှင် လက်ရှိထုတ်လုပ်နေသည့်ဂပ်(စ်) ၏ ၂၀ ရာခိုင်နှုန်းသာ ရရှိတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးက ဆက်ပြောသည်။

    မွန်ပြည်နယ်တွင် ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင်ကို မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL က မဂ္ဂါဝပ် (၄၀) ထုတ်လုပ်သုံးစွဲလျက်ရှိပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် ကျောက်မီးသွေး မှလျှပ်စစ်စွမ်းအင် ၁၂၈၀ မဂ္ဂါဝပ်ထုတ်လုပ်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့် Toyo-thai ကုမ္မဏီတို့ MOA လက်မှတ်ရေးထိုးထားသော်လည်း ဒေသခံများ၏ ကန့်ကွက်နေသည့်အတွက် ရပ်တန့်ထားဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts