spot_img
Tuesday, March 3, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် စာသင်ကျောင်း ၆၉ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်

    မွန်ပြည်နယ်တွင် စာသင်ကျောင်း ၆၉ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်

    -

    မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၉ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

    အဆင့်တိုးမြှင့်လိုက်သည့်ကျောင်းများသည် အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသရှိ အခြေခံပညာကျောင်းများ အများဆုံးဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်မှ စာသင်ကျောင်းတစ်ကျောင်း(MNA)
    “ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ဘီးလင်းမြို့နယ်က စသင်ကျောင်း အများဆုံး အဆင့်တိုးမြှင့်ထားတယ်၊ ဒီမြို့နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေဆိုတော့လေ” ဟု မွန်ပြည်နယ် ပညာရေးမှူးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

    ပြည်နယ်အတွင်း အဆင့်မြှင့်သွားမည့်ကျောင်းများမှာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ၂၂ ကျောင်း၊ မူလတန်းကျောင်း ၇ ကျောင်း၊ အထက်တန်းခွဲ ၅ ကျောင်း၊ အလယ်တန်းခွဲ ၁၀ ကျောင်း၊ မူလွန်ကျောင်း ၁၂ ကျောင်း၊ အမကခွဲ ၂ ကျောင်းတို့ပါဝင်သည်။

    အဆိုပါကျောင်းများသည် ရေးမြို့နယ်တွင် ၁၅ ကျောင်း၊ ကျိုက်မရောမြို့နယ်တွင် ၁၄ ကျောင်း၊ ဘီးလင်းမြို့နယ်တွင် ၁၁ ကျောင်း၊ သထုံမြို့နယ်တွင် ၉ ကျောင်း၊ ပေါင်မြို့နယ်တွင် ၇ ကျောင်း၊ ကျိုက်ထိုမြို့နယ်တွင် ၆ ကျောင်း၊ သံဖြူဇရပ်မြို့နယ်တွင် ၄ ကျောင်း၊ မော်လမြိုင်မြို့နယ်တွင် ၂ ကျောင်းနှင့် ချောင်းဆုံမြို့နယ်တွင် ၁ ကျောင်း ဖြစ်သည်။

    ယခုပညာသင်နှစ်တွင် လစ်လပ်နေသည့် ဆရာ ဆရာများရှိသလို အဆင့်တိုးမြှင့်လိုက်သည့်ကျောင်းများအတွက်လည်း ဆရာ ဆရာမ လိုအပ်လျက်ရှိပြီး ယင်းလိုအပ်ချက်များကို ခန့်အပ်သွားမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    ဆရာ ဆရာမများကို အထက်တန်းကျောင်းတွင် ၁၂ ဦး၊ အထက်တန်းခွဲတွင် ၇ ဦး၊ အလယ်တန်းကျောင်းတွင် ၈ ဦး၊ အလယ်တန်းကျောင်းခွဲတွင် ၅ ဦး၊ မူလွန်ကျောင်းတွင် ၃ ဦး၊ မူလတန်းကျောင်းတွင် ၄ ဦး၊ မူလတန်းခွဲကျောင်းတွင် ၂ ဦး ထားရှိသွားမည်ဖြစ်သည့်အတွက် ဆရာ ဆရာမလိုအပ်သည့် ကျောင်းများတွင် ဖြည့်ဆည်းခန့်အပ်သွားမည်ဟုလည်း ဦးမျိုးတင်အောင်က ဆက်ပြောသည်။

    ၄င်းက “ဒီပညာသင်နှစ်မှာ ဆရာ ဆရာမတွေ လစ်လပ်နေတာတွေရှိတယ်၊ အခုလည်းကျောင်းတွေအဆင့်တိုးမြှင့်လိုက်တဲ့အတွက် ဆရာ ဆရာမတွေလိုအပ်တယ် လိုအပ်တဲ့ဆရာ ဆရာမတွေကို ခန့်အပ်သွားဖို့ရှိတယ်”၂၀၁၆-၂၀၁၇ ပညာသင်နှစ်တုန်းက မွန်ပြည်နယ်တွင် အခြေခံပညာအထက်တန်း ၁၀၃ ကျောင်း၊ အလယ်တန်း ၅၀ ကျောင်းနှင့် မူလတန်းကျောင်း ၈၈၇ ကျောင်းရှိကာ အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းတို့မှ စုစုပေါင်း ကျောင်းသူ ကျောင်းသားပေါင်း ၄ သိန်းနီးပါးရှိသည်ဟု ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks