spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် ဟိုတယ်နှင့် တည်ခိုခန်း ၃ လုံးတိုးလာ

    မွန်ပြည်နယ်တွင် ဟိုတယ်နှင့် တည်ခိုခန်း ၃ လုံးတိုးလာ

    -

    မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်းဟိုတယ် ၁ လုံးနှင့် တည်းခိုခန်း ၂ လုံး တိုးလာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ်ထိ ဟိုတယ် ၂၂ လုံး တည်းခိုခန်း ၁၄ လုံး အိပ်ခန်းပေါင်း ၁၃၉၀ ရှိပြီး ၂၀၁၅ ခုနှစ်တွင် ဟိုတယ် ၂၄ လုံး၊ တည်းခိုခန်း ၁၅ လုံး အိပ်ခန်းပေါင်း ၁၅၀၃ ခန်းတိုးလာကာ ၂၀၁၆ ခုနှစ်မှာတော့ ဟိုတယ် ၂၇ လုံး၊ တည်းခိုခန်း ၁၉ လုံးတို့မှ အိပ်ခန်းပေါင်း ၁၆၃၁ ခန်းထိ ရှိလာခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) ရှိ စာရင်းအရ သိရသည်။

    မော်လမြိုင်မြို့မှ ဟိုတယ်တစ်လုံး(Internet)

    “မွန်ပြည်နယ်မှာ ဝင်လာတဲ့ဧည့်သည်တွေနဲ့ ဒီဘက်မှာ ရှိနေတဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေက လောလောဆယ်ကတော့ သူ့အနေအထားနဲ့သူကတော့ လုံလောက်မှုရှိတယ်၊ နောက် ဖွံ့ဖြိုးလာမယ့် တိုးတက်လာမယ့်အရေအတွက်ကတော့ လိုအပ်သေးတာပေါ့” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

    ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ တစ်နှစ်ထက် တစ်နှစ် များပြားသည့် မွန်ပြည်နယ်တွင် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် အဆင့်မြင့် ဟိုတယ်များ၊ တည်းခိုခန်းများလည်း တစ်နှစ်ထက်တနှစ် ပိုတိုးလာခဲ့သည်။

    မွန်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၆၅၆၇၇ ဦး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၁၂,၃၈၆ ဦးရှိသည်ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစာရင်းအရ သိရသည်။

    မွန်ပြည်နယ်သို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားဧည့်သည်အများစုသည် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ အများဆုံးသွားရောက်လည်ပတ်ကြပြီး နှစ်စဉ် နှစ်တိုင်း နိုင်ငံခြားဧည့်သည်တော် ၁ သိန်းကျော် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်လည်ပတ်လေ့ရှိသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

    “မွန်ပြည်နယ်မှာ ဟိုတယ်နဲ့ ခရီးသွား ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလိုအပ်ပါသေးတယ်၊ ဧည့်သည်တွေ များများဝင်လာအောင်လည်း လုပ်ဖို့လိုနေသေးတယ်၊ ပြီးတော့ ကိုယ့်ဒေသက စိတ်ဝင်စားစရာကောင်းပြီး လည်ပတ်လို့ကောင်းတဲ့နေရာတွေ အများကြီးပါ ဒါကို ဖော်ထုတ်ဖို့လည်း လိုတယ်” ဟု မော်လမြိုင်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်းသို့ ကမ္ဘောဒီးယား၊ ထိုင်း၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီ၊ အမေရိကန်၊ သြစတြေလျ အစရှိသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံခန့်မှ နိုင်ငံသားများ လာရောက်လည်ပတ်လျက်ရှိပြီး အများဆုံးသည် ထိုင်းနိုင်ငံသားများဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks