spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်အကျဉ်းထောင်မှ နိုင်ငံခြားသားတစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

    မော်လမြိုင်အကျဉ်းထောင်မှ နိုင်ငံခြားသားတစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို ဂုဏ်ပြုကြိုဆိုသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှုသောအားဖြင့်လည်းကောင်း မေလ ၂၃ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ကာ နိုင်ငံခြားအကျဉ်းသား (၇၃) ဦးရှိသည့်အနက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အကျဉ်းထောင်မှ နိုင်ငံခြားသားတစ်ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံမှ သိရသည်။

    အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူမှာ ထိုင်းနိုင်ငံမှတရားခံပြေး ဒေါက်တာဆိုဖတ် (ခ) နိုင်အောင်မင်းဆိုသူဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် အထောက်အထားမရှိ ပြည်တွင်းခိုးဝင်မှုဖြင့် မော်လမြိုင်မြို့ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရကြောင်း ၎င်းအကျဉ်းထောင်ရုံးမှတ်တမ်းမှ သိရသည်။

    လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူထိုင်းနိုင်ငံမှတရားခံပြေး ဒေါက်တာဆိုဖတ် (ခ) နိုင်အောင်မင်း(MNA)

    “ဒီနေ့ဘဲ အကျဉ်းထောင်မှ ခေါ်ထုတ်ခဲ့ပြီး ကရင်ပြည်နယ် လ ဝ က လက်သို့ လွှဲအပ်ခဲ့တယ်။ အဲဒီကနေ ဖားအံ-မြဝတီကတဆင့် ထိုင်းအစိုးရလက်သို့ လွှဲအပ်မယ်”ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။

    မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းလွတ်ငြိမ်းချမ်းသာခွင့်ရသူ ဒေါက်တာဆိုဖတ်ကို မြဝတီတံတားထိပ်မှတဆင့် ထိုင်းရဲထံသို့ လွှဲအပ်ပြီး ထိုင်းတာဝန်ရှိသူများက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးအောင်မြင့်က ဆက်ပြောသည်။

    အဆိုပါ ထိုင်းနိုင်ငံသား ဒေါက်တာဆိုဖတ် (ခ) နိုင်အောင်မင်းသည် မည်သည့်အထောက်အထားမရှိဘဲ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ဖမ်းမိပြီး လ ဝ ကမှ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့် အရေးယူကာ ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဒေါက်တာဆိုဖတ် (ခ) နိုင်အောင်မင်းဆိုသူသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသား ခြံအလုပ်သမား ၅ ဦးကို လုပ်အားခမပေးဘဲ သတ်ဖြတ်ခဲ့မှုကြောင့် ၂၀၁၅ ခုနှစ်တွင် ထိုင်းတရားရုံးမှ တစ်သက်တစ်ကျွန်းအမိန့် ချမှတ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks