spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်စာသင်ကြားခွင့်မပြုဘဲခွဲခြားဆက်ဆံပါက မွန်လွှတ်တော်ကိုတိုင်ကြားစေလို

    မွန်စာသင်ကြားခွင့်မပြုဘဲခွဲခြားဆက်ဆံပါက မွန်လွှတ်တော်ကိုတိုင်ကြားစေလို

    -

    အစိုးရအနေဖြင့် ကျောင်းချိန်ပြင်ပ မွန်စာသင်ကြားရေးကို ခွင့်ပြုပေးထားလျက်ရှိပြီး သင်ကြားခွင့်အားပိတ်ပင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းရှိခဲ့ပါက လွှတ်တော်သို့ ချက်ခြင်းတိုင်ကြားစေလိုဟု မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌ ဦးထွန်းမင်းအောင်က (၁၈) ကြိမ်မြောက် မွန်ဒေသလုံဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာသင်တန်း စာမေးပွဲအခမ်းအနားကျင်းပစဉ် ပြောကြားလိုက်သည်။

    အဆိုပါမွန်ဒေသလုံဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာစာမေးပွဲကို မွန်ဒေသရှိ မြို့နယ် ၁၅ မြို့နယ်မှ ကျောင်းသား/ကျောင်သူ ၁၀၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဦးထွန်းမင်းအောင်(MNA)

    ဦးထွန်းမင်းအောင်က “အစိုးရကျောင်းချိန်ပြင်ပမှာ မွန်စာသင်ကြားခွင့်ကို ခွင့်ပြုထားတယ်။ ခွဲခြားဆက်ဆံတာ သင်ကြားခွင့်မပေးတာတွေရှိရင် လွှတ်တော်ကို ချက်ချင်းတိုင်ကြားစေလိုတယ်” ဟု ပြောသည်။

    မွန်ဆရာတော်များထိန်းသိမ်းမှုကြောင့် ယခုကာလအထိ မွန်စာပေကျန်ရှိခဲ့ကြောင်းနှင့် ယခုအချိန်ကာလသည် ဒီမိုကရေစီစနစ်ဖြစ်သော်လည်း မိမိတို့၏တိုင်းရင်းသား စာပေကို မိမိတို့မကြိုးစားပါက ဖွံ့ဖြိုးတိုးတက်မည်မဟုတ်ကြောင်းနှင့် မိမိတို့တိုင်းရင်းသားစာပေဖွံဖြိုးရန်ကြိုးစားရမည်ဖြစ်ကြောင်း ဦးထွန်းမင်းအောင်က ဆက်ပြောသည်။

    မွန်ဒေသလုံဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာသင်တန်းစာမေးပွဲကို မေလ ၂၁ ရက်နေ့၌ မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ မွန်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးနှင့် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဦးထွန်းမင်းအောင်၊ သယံဇာတနှင့်သဘာဝဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း တို့တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    ဒေါက်တာမင်းကြည်ဝင်း က “တိုင်းရင်းသားစာပေကို အတန်းချိန်မှာ တိုင်းနဲ့ပြည်နယ်ဒေသအားလုံးမှာ သင်ကြားခွင့်ရှိမှသာ ထိန်းသိမ်းပြီးသားဖြစ်မှာပါ။ မွန်မှာတော့ ကျောင်းချိန်ပြင်ပမှာပဲ သင်ကြား ခွင့်ရတယ်။ ကျောင်းချိန်ပြင်ပ သင်ကြားခွင့်ရတာတောင်မှ သင်ပြတဲ့ဆရာတွေကို သင်တန်းမပေးနိုင်တာ၊ လစာနည်းနေတာ ဖြစ်နေတယ်။ သင်ပြတဲ့ဆရာတွေကိုတော့ ထောက်ပံ့ကြေး တစ်လသုံးသောင်းပဲ ရပါတယ်” ဟု ဆိုသည်။

    တိုင်းရင်းသားစာပေအတွက် တစ်နှစ်ပြီးတစ်နှစ် တစ်ဆင့်စီ အားဖြည့်သွားရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားနှင့် ပတ်သက်ပြီး ဥပဒေရှိကြောင်း၊ ဆက်လက်၍ နည်းဥပဒေအားရေးဆွဲလျက်ရှိပြီး လုပ်ထုံးလုပ်နည်းထွက်လာပါက တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဆက်လက်ပြီးအကောင်ထည်ဖော်နိုင်လျင် ပိုမိုအားကောင်းလာမည်ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အစိုးရစာသင်ကျောင်းများတွင် မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားစာပေကို ၂၀၁၃ ခုနှစ်မှ စတင် သင်ကြားခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အစိုးရစာသင်ကျောင်း၌ မွန်စာ ပေသင်ကြားနေသည့်ကျောင်း ၂၅၈ ကျောင်း၊ အစိုးရဝန်ထမ်း ဆရာ/ဆရာမ ၂၀၆ ဦး၊ ပြင်ပမွန်ဆရာမ ၂၈၁ ဦးနှင့် ကျောင်းသား/ကျောင်းသူပေါင်း ၃ သောင်းနီးပါးခန့် သင်ကြားခဲ့ကြောင်း သိရသည်။

    တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် အစိုးရ ကျောင်းချိန်အတွင်း တိုင်းရင်းသားစာပေသင်ကြားခွင့်ရရှိရန်၊ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအား ထောက်ပံ့ကြေးကို လစဉ်လကုန်ရက်များတွင် ထောက်ပံ့ပေးရန်၊ ထောက်ပံ့ကြေး ၃၀ဝ၀ဝ ထက်ပိုပြီး ထောက်ပံ့ ပေးရန်၊ တိုင်းရင်းသားဆရာ/ဆရာမများအား ၎င်းတို့နှင့်သက်ဆိုင်သည့် လူမျိုးဝတ်စုံ ဝတ်ဆင်ခွင့်ရရှိရေး သက်ဆိုင်ရာကျောင်းများသို့ ညွှန်ကြားပေးရန်၊ ဆရာ/ဆရာမအချိုးနှင့် ကျောင်းသား အချိုးကိုက်ညီမှုရှိစေရန်နှင့် ဆရာလုံလောက်မှုမရှိပါက ဒေသခံ တိုင်းရင်းသား ဆရာ/ဆရာမများ ပြန်လည်ခန့်အပ်ပေးရန် စသည့်အချက်များကို လွှတ်တော်မှ အတည်ပြခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks