spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်စာပေနှင့်ယဉ်ကျေးမှုဆုပေးပွဲ မွန်ပြည်နယ်အစိုးရကျပ်သိန်း ၄၀ဝ ထောက်ပံ့မည်

    မွန်စာပေနှင့်ယဉ်ကျေးမှုဆုပေးပွဲ မွန်ပြည်နယ်အစိုးရကျပ်သိန်း ၄၀ဝ ထောက်ပံ့မည်

    -

    မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဆုပေးပွဲအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံမှ သိန်း ၄၀ဝ ထောက်ပံ့မည်ဟု ပြောဆိုထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    “ဒီနေ့ပဲ မွန်ဒေသလုံးဆိုင်ရာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီးတော့ ဝန်ကြီးချုပ်က သိန်း ၄၀ဝ ထောက်ပံ့ပေးမယ်လို့ ကတိပေးခဲ့တယ်”ဟု ၎င်းက ပြောသည်။

    ဝန်ကြီးချုပ်နှင့် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (Facebook)
    မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ ရှိ လွီမာရာမညဗိမာန်တွင် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ကျင်းပသည့် စာမေးပွဲတွင်လည်း တက်ရောက်ပေးအပ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး အစိုးရက ကူညီဆောင်ရွက်ပေးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားကြောင်း ၎င်းက ရှင်းပြသည်။

    “အခု ဝန်ကြီးချုပ်ထောက်ပံ့ပေးမယ့် သိန်း ၄၀ဝ ကတော့ လာမယ့် တနင်္လာနေ့မှ ထုတ်လို့ရမယ်၊ ဒီအစိုးရလက်ထက်မှာ ကျတော့ ကျွန်မတို့ မွန်အမျိုးသားနေ့ ဗဟိုနဲ့ အခု မွန်ဒေသလုံးဆိုင်ရာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဆုပေးပွဲ အတွက် ထောက်ပံ့ပေးခဲ့တယ်။ နောက်နှစ်ဆိုရင်လည်း ကျွန်မတို့ကို ဒီနှစ်ခုအတွက် ထပ်မံကူညီပေးဖို့ ပြောချင်တယ်”ဟု မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မိစန္ဒာနွန်က ပြောသည်။

    ထို့အပြင် ယခုနှစ် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဆုပေးပွဲအခမ်းအနားကို ကရင်ပြည်နယ်တွင် ကျင်းပမည် ဖြစ်သောကြောင့် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထပ်မံတွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က သိန်း ၁၅၀ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သည် ၁၈ မြို့နယ်ကို အခြေခံထားပြီး ဆုပေးပွဲကို တစ်နှစ်လျှင် တစ်မြို့နယ်ကျင်းပမည်ဖြစ်ကာ ယခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာတွင် အလှည့်ကျကျင်းပမည်ဖြစ်သည်။

    အလားတူ ယခုနှစ် ပြည်နယ်အဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရမှ ကျပ်သိန်း ၆၀ဝ ထောက်ပံ့ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks