spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးအရေးယူရန်ကြန့်ကြာနေသည့်ယာဉ်တိုက်မှု ဝန်ကြီးချုပ်ထံတိုင်ကြား

    အရေးယူရန်ကြန့်ကြာနေသည့်ယာဉ်တိုက်မှု ဝန်ကြီးချုပ်ထံတိုင်ကြား

    -

    ယာဉ်တိုက်မှုကြောင့်ခြေတစ်ဖက်ဖြတ်ခံခဲ့ရသူ ဒေါ်အုန်းဝင်းက ၄င်းအမှုကြန့်ကြာနေသဖြင့် မေလ ၁၂ ရက်နေ့၊ ရေးမြို့တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ တိုင်ကြားခဲ့သည်။

    ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဒေါ်အုန်းဝင်း က “ကျမက ၂၀၁၆ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကားနဲ့ တိုက်ခံရတာပါ။ ရဲစခန်းကိုအကြိမ်ကြိမ်သွားလည်း အမှုတွဲကို ရုံးမတင်ပေးသေးပါဘူး။ ကျမအနေနဲ့ တရားဥပဒေစိုးမိုးမှုကို မခံယူရသေးတဲ့အတွက် ဒါကို ကူညီဆောင်ရွက်ပေးစေလိုတယ်” ဟု ဆိုသည်။

    ယာဉ်တိုက်ခံရသူ ဒေါ်အုန်းဝင်း(Mon Htaw)

    လွန်ခဲ့သည့် ဧပြီ ၄ ရက်နေ့တွင် မော်လမြိုင်ခရိုင်ရုံးမှ ရဲမှူးလာရောက်စစ်ဆေးခဲ့ကြောင်း၊ ၄င်းယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် သတိမလစ်ခဲ့သဖြင့် တရားခံကို မှတ်မိကြောင်း၊ ယာဉ်ပိုင်ရှင်မှ လူမှုရေးအရ တစုံတရာ ကူညီဆောင်ရွက်ပေးမှုမရှိကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ရန်ကုန်မြို့တွင် ဆေးကုသခံယူခဲ့ရကြောင်း ဒေါ်အုန်းဝင်းက ပြောသည်။

    သို့ရာတွင် ရေးမြို့နယ်၊ မြို့နယ်ရဲမှူးမြင့်သော်က“အခင်းဖြစ်ရာ ပတ်ဝန်းကျင်သက်သေတွေကိုစုံစမ်းပါတယ်။ ပတ်ဝန်းကျင် သက်သေအနေနဲ့ တရားခံအစစ်မှန် ဘယ်သူလဲဆိုတာ အတိကျဘယ်သူမှ တင်ပြခြင်းမရှိပါဘူး။ ဒဏ်ရာရရှိတဲ့အမျိုးသမီးကို မေးမြန်ရာမှာလဲ သူလဲဘယ်သူဘယ်ဝါအတိကျ မဖြေကြားပေးနိုင်ဘူး” ဟု ဆိုသည်။

    ပတ်ဝန်းကျင်သက်သေဖြင့် ရဲလုပ်ငန်းပြည့်စုံစွာဆောင်ရွက်ပြီးမှ ဥပဒေအကြံပြုချက်တင်ပြရမည်ထားကြောင်း၊ ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုင်ခရိုင်ရုံးကို တိုင်တန်းသူအားဆင့်ခေါ်ပြီး ဖြစ်စဉ်အဖြစ်မှန် ဖြစ်ပေါ်နိုင်ရေး အတွက် ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုုင်စစ်ဆေးနေကြောင်း ရဲမှူးက ဆက်ပြောသည်။

    အဆိုပါအမှုအား ရေးမြို့မရဲစခန်း နယ်ထိန်းခေါင်ဆောင် ဒါးရှင်းခိုင်မှ အမှုစစ်တာဝန်ယူပြီး ဇန်နဝါရီ ၁၂ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည်ဟု ရေးမြို့မရဲတပ်ဖွဲ့မှ သိရသည်။

    ၅ လကြာ ဖြစ်ပွားခဲ့သည့် ဒေါ်အုန်းဝင်း ယာဉ်တိုက်ခံရမှုနှင့်ပတ်သက်ပြီး တရားရုံးသို့ အမှုတွဲမရောက်သည့်အပေါ် အဆိုပါ အမှုအား စဉ်ဆက်မပြတ်စောင့်ကြည့်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်အား ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks