spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းUNFC မှ WNO/WNA လည်း နှုတ်ထွက်စာတင်

    UNFC မှ WNO/WNA လည်း နှုတ်ထွက်စာတင်

    -

    NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နှုတ်ထွက်ခွင့်ပြုရန် WNO/WNA ‘ဝ’ အမျိုးသားအဖွဲ့ချုပ်သည်လည်း နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

    “လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး စစ်ရေးအပြောင်းအလဲများကြောင့် မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ယခင်ကဲ့သို့ပူးပေါင်းဆောင်ရွက်သွားရန် အကြပ်အတည်းဖြစ်လာရပါတယ်” ဟု ‘ဝ’ အမျိုးသားအဖွဲ့ချုပ် WNO/WNA ၏ UNFC သို့ပေးပို့သော နှုတ်ထွက်စာတွင် ပါရှိသည်။

    WNO/WNA နှုတ်ထွက်စာ(Copy)

    ထို့ပြင် အဆိုပါ နှုတ်ထွက်စာတွင် ‘ဝ’ ပြည်သူလူထုနှင့် ‘ဝ’ အဖွဲ့အစည်းတို့မှလည်း ‘ဝ’ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ တစ်ဖွဲ့တည်းမက ကွဲပြားစွာရှိနေခြင်းအစား တစ်ဖွဲ့တည်းအဖြစ် စုစည်းကြရန်တင်ပြတောင်းဆိုမှုကြောင့် မိမိတို့ ‘ဝ’ အမျိုးသားအဖွဲ့ချုပ်မှာလည်း တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းစုစည်းသွားရန် ပြင်ဆင်လျက်ရှိနေသည်ဟု ပါရှိသည်။
    အဆိုပါ နှုတ်ထွက်တင်ထားခြင်းကို ‘ဝ’ အမျိုးသားအဖွဲ့ချုပ် WNO အတွင်းရေးမှူး ၁ ဗိုလ်မှူးတာ့ညီလူက RFA သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပြီး ဖြစ်သည်။

    ‘ဝ’ အမျိုးသားအဖွဲ့ချုပ် UNFC မှ နှုတ်ထွက်ခြင်းဖြင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ ‘ဝ’ တို့ကြားတွင် ဗကပနှင့်ပေါင်းခဲ့သော UWSA အား ‘ဝ’ နီ ဟု ခေါ်ကြသည်။ ဗကပနှင့် မပေါင်းသော WNO အား ‘ဝ’ ဖြူ ဟု ခေါ်ကြသည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ‘ဝ’ ဖြူ ဟု ခေါ်ဆိုသော WNO သည် UNFC နှင့် ဆက်သွားမည်ထက် UWSA နှင့် ပြန်လည်ပူးပေါင်းသွားပါက အံ့သြစရာမရှိပေ” ဟု ဆိုသည်။
    အမည်မဖော်ပြလိုသည့် UNFC ဗဟိုကော်မတီဝင်တစ်ဦးက “ WNO ခေါင်းဆောင်အားလုံးလိုလို ပန်ခမ်းသွားထားပြီး ဖြစ်တယ်၊ UWSA ခေါ်တွေ့ခဲ့တယ်” ဟု ပြောသည်။

    UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကို LDU လားဟူဒီမိုကရက်တစ်အစည်းအရုံး ၊ WNO “ဝ”အမျိုးသားအဖွဲ့အစည်း၊ ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ NMSP မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့ အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

    UNFC မှ ယခုအခါ KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတို့လည်း နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

    UNFC နှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ခုနှစ် ဧပြီ ၂၈ရက်က ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ထိုးနိုင်ရေး နှင့် မေ ၂၄ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးနိုင်ရန် ဦးတည်ဆွေးနွေးခဲ့ကြောင်းကို ငြိမ်းချမ်းရေးကော်မရှင်၏ မေ ၆ ရက်က ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။

    တဖက်တွင်လည်း NCA ပြင်ပမှငြိမ်းချမ်းရေးအဖြေရှာရန် UWSA ဝတပ်ဖွဲ့ဦးဆောင်သည့် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”ကို မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ဧပြီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks