spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းUNFC မှ KIO/KIA နှုတ်ထွက်စာတင်

    UNFC မှ KIO/KIA နှုတ်ထွက်စာတင်

    -

    NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နှုတ်ထွက်ခွင့်ပြုရန် KI0/KIA ကချင်လွတ်မြေက် ရေး အဖွဲ့နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

    “နှုတ်ထွက်စာတင်တာကတော့ အမှန်ပါပဲ။ UNFC အနေနဲ့ ဘာမှ ဆုံးဖြတ်ချက် မချသေးတော့ အသေးစိတ်ကို မပြောနိုင်ဘူး။ အစည်းအဝေးထိုင်ပြီးမှပဲ အသေးစိတ်ကို ပြောပြနိုင်မယ်” ဟု UNFC မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    UNFC ခေါင်းဆောင်များ(ANC)

    UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကို LDU လားဟူဒီမိုကရက်တစ်အစည်းအရုံး ၊ WNO “ဝ”အမျိုးသားအဖွဲ့အစည်း၊ ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ NMSP မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့ အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

    အလားတူ UNFC မှ SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ)လည်း နှုတ်ထွက်စာတင်ထားသည်ဟု ယုံကြည်ရသော သတင်းရင်းမြစ်များထံမှာ သတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    သို့သော် RFA သတင်းဌာနတွင် SSPP/SSA မှ ဗိုလ်ချုပ်စိုင်းထူးက “ကျွန်တော်တော့ ကြားတယ်၊ စာမတွေ့သေးဘူး။ ကျနော်တို့ SSPP အနေနဲ့တော့ မနုတ်ထွက်ဘူးဆိုတဲ့အကြောင်းတော့ ပြောရဲတယ်။ ဒါ မထွက်ဘူး၊ ဒါပေါ့လေနော်။ ကျနော်ပြောရဲတာက ကျနော်တို့ SSPP က မနုတ်ထွက်သေးဘူး။ SSPP သည် UNFC အလံတော်အောက်မှာပဲ နေတယ်၊ ဒါပဲ။”ဟု ပြောကြားထားသည်။

    KIA/KIO နှင့် SSPP/SSA သည် ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ UWSA ဝတပ်ဖွဲ့ထိန်းချုပ်နယ်မြေ ပန်ခမ်းမြို့တွင် ပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးမှ ဖွဲ့စည်းလိုက်သော “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

    အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး(PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC/NDAA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တို့မှ ကိုယ်စားလှယ် ၂၇ ဦး တက်ရောက် ခဲ့ကြသည်။

    အဆိုပါ အစည်းအဝေးတွင် NCA လမ်းကြောင်းအတိုင်း မလိုက်တော့ဘဲ ပြည်ထောင်စုငြိမ်းချ မ်းရေးလုပ်ငန်း စဉ် ဖော်ဆောင်ရန်အတွက် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသောအခက်အခဲမှ မည်သို့ထိုး ဖောက်မလဲ စသည့် စာတမ်းတစ်စောင်ကို ရေးသားပြုစုကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရထံ ပေးပို့ခဲ့သည်။

    “NCA ဟာ တနိုင်ငံလုံး အပစ်ရပ်သဘောတူညီမှု စာချုပ်ဖြစ်တဲ့အတွက် အဓိကကတော့ အပစ်ရပ်ဖို့ဖြစ်ကြောင်း အပစ်ရပ်ဖို့အတွက် ညှိနှိုင်းရခက်၍ ကြန့်ကြာနေသော လက်ရှိ NCA အစား အခြားသောအပစ်ရပ်စာချုပ် တစ်ခုခုကို အကောင်အထည်ဖော် ချဉ်းကပ်မယ်လို့ KIA/KIO မှ ဗိုလ်ချုပ်ဂွမ်မော်က မေ ၅ ရက် အစည်းအဝေးတွင် ပြောကြားခဲ့တယ်” ဟု KIA/KIO မှ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

    UNFC သည် NCA လမ်းကြောင်းအတိုင်းသွားမည်ဖြစ်ပြီး ၎င်းတို့ အဆိုပြုတင်ပြထားသော အချက် ၉ ချက်ကို အစိုးရမှ လက်ခံပါက လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ လာမည့်မေလ ၁၄ နှင့် ၁၈ အကြား အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks