spot_img
Friday, January 16, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးသစ်တောကြိုးဝိုင်းအတွင်း ကျောက်ထုတ်လုပ်ခွင့်ပြုမည်မဟုတ်ဟု မွန်သယံဇာတဝန်ကြီးပြော

    သစ်တောကြိုးဝိုင်းအတွင်း ကျောက်ထုတ်လုပ်ခွင့်ပြုမည်မဟုတ်ဟု မွန်သယံဇာတဝန်ကြီးပြော

    -

    မွန်ပြည်နယ် သစ်တောကြိုးဝိုင်းဧရိယာတွင် ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်၌ ကျောက်မိုင်းအသစ် များအား ကျောက်ထုတ်လုပ်ခွင့်ထပ်မံင်ခွင့်ပြုမည်မဟုတ်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မွန်သတင်းအေဂျင်စီကိုပြောသည်။

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က “သစ်တောကြိုဝိုင်းမှာတော့ အသစ် ထပ်လျှောက်လာတဲ့ကျောက်မိုင်းတွေကို ထပ်ပြီးတော့ လိုင်စင်မချပေးတော့ဘူး။ သစ်တောဧရိယာမှာ သစ်တောစိုက်ဖို့အတွက်စီမံကိန်းတွေလဲရှိသေးတယ်။ သယံဇာတကိုထိန်းသိမ်းဘို့ အတွက် ကျောက်မိုင်းကို ကျနော်တို့တဖြေးဖြေးလျှော့ချသွားမယ်” ဟုဆိုသည်။

    ပေါင်းမြို့နယ်မြန်မာ့မီးရထား ကျောက်ထုတ်လုပ်ငန်းခွင်

    ဘီးလင်းမြို့နယ်ရှိ ကေလာသတောင်သည် နဂိုကတည်းက သဘာဝထိန်းသိမ်းရေးနယ်မြေဖြစ်ကြောင်း၊ မွန်ပြည် နယ်လွှတ်တော် တွင်လည်း အဆိုပါကေလာသတောင်အတွင်း ကျောက်ထုတ်လုပ်ခွင့်ကို ရာသတ်ပန်ပိတ် သိမ်းမည်ဟု ဆုံးဖြတ်ထားကြောင်း၊ အသစ်ထပ်မံလျှောက်လာသည့် Rock well ကုမ္ပဏီနှင့် ဟိန်းမြန်မာ ကုမ္ပကိုလည်း ခွင့်မပြုခဲ့ကြောင်း ဝန်ကြီးက ဆက်ရှင်းပြသည်။

    သစ်တောကြိုးဝိုင်းဧရိယာအတွင်း ကျောက်မိုင်းအသစ်များအား ခွင့်မပြုသလို ကေလာသ တောင်အတွင်းရှိ လုပ်ကိုင်ဆဲကျောက်မိုင်းတွေကိုလည်း ပိတ်သိမ်းရန်အဆိုအားအတည်ပြုခဲ့သဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အလုပ်အမားများ စားဝတ်နေရေးနှင့် အခက်ကြုံတွေ့လာရကြေင်း အဆိုပါ ကေလာသတောင်တွင် လုပ်ကိုင်နေတဲ့ ကျောက်ထုတ်လုပ်ရေးအလုပ်သမားများကက ဆိုသည်။

    ပုဂ္ဂလိကကျောက်ခွဲစက်မှ အလုပ်သမားခေါင်းဆောင် ကိုကျော်ဇင်ဌေးက “ကျနော်တို့လက်အောက်မှာ ရှိနေကြတဲ့ နေ့စား၊ လက်လုပ် လက်စား အလုပ်သမားတွေ အလုပ်မရှိကြတော့ စားဝတ်နေရေး အခက်အခဲတ အားကြီးကို ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

    ထို့အပြင် ဘီးလင်းမြို့နယ်ရှိ ကေလာသ သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျောက်ထုတ်လုပ်မှုလုပ်ငန်း များအားလုံး ထာဝရပိတ်သိမ်းရန် ပြည်နယ်အစိုးရမှအဖွဲ့မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ရက်စွဲဖြင့် ညွန်ကြားစာ ထုတ်ပြန်ထားရှိသည်။

    ပြည်ထဲရေးဌာနမှ ၂၀၁၅/၂၀၁၆ ဘဏ္ဍရေးနှစ်တွင် မွန်ပြည်နယ်၌ ကျောက်ထုတ်လုပ်ခွင့်ကို ရေးမြို့နယ်တွင် ၁၃ ခု၊ ကျိုက်မရောမြို့နယ် ၄ ခု၊ သထုံမြို့နယ် ၅ ခု၊ ကျိုက်ထိုမြို့နယ် ၄၄ ခုနှင့် ပေါင်မြို့နယ် ၂၂ ခုတို့ ပြည်ထဲဌာနမှ ကျောက်ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ပေးထားရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts