spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်အဝိုင်းတွင် ဟင်္သာရုပ်ထုပြန်လည်တပ်ဆင်ရန်စီစဉ်

    သံဖြူဇရပ်အဝိုင်းတွင် ဟင်္သာရုပ်ထုပြန်လည်တပ်ဆင်ရန်စီစဉ်

    -

    ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် ပျက်ဆီးခဲ့သည့် သံဖြူဇရပ်မြို့လယ်အဝိုင်းဟင်္သာရုပ်တုနေရာတွင် ရုပ်တုအသစ်ထုဆစ်ပြီး ပြန်လည်တပ်ဆင်ရန် စီစဉ်နေကြောင်း သိရသည်။

    ဟင်္သာရုပ်တုဖြစ်မြောက်ရေး ဦးဆောင်သူ သံဖြူဇရပ်မြို့ နန္ဒဝန်မွန်ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာနွန်က “အစည်းအဝေးမှာ ဟင်္သာရုပ်ပဲ ပြန်တပ်ဆင်မယ်၊ အမြန်ဆုံး တပ်ဆင်နိုင်ဖို့ စီစဉ်နေပါတယ်”ဟု မိန့် ကြားသည်။

    ရွှေဟင်္သာရုပ်တု ယာဉ်တိုက်ခံရပုံ(Facebook)
    အလားတူ စက်စဲ-ကျိုက်ခမီလမ်းခွဲအဝိုင်းတွင် တပ်ဆင်မည့် ဟင်္သာရုပ်တုကိုလည်း ထုလုပ်သွားမည်ဖြစ်ပြီး ပြီးစီးသည့်အခါ တပြိုင်နက်တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

    ပျက်စီးခဲ့သည့် သံဖြူဇရပ်မြို့လယ်အဝိုင်းနှင့် ယခင်ဟင်္သာရုပ်တုအတွက် ထုဆစ်မှုစရိတ်ငွေ စုစုပေါင်းကျပ်သိန်း ၁၀ဝ ခန့်ကုန်ကျခဲ့ပြီး ယခုတဖန် သံဖြူဇရပ်မြို့လယ်အဝိုင်းတွင် မူလအတိုင်းပြန်လည်တပ်ဆင်ရန် ဟင်္သာရုပ်ထုအပါအဝင် ကုန်ကျစရိတ်ငွေအားလုံးကို မော်တော်ယာဉ်ဖြင့်တိုက်ခဲ့သူက အကုန်အကျခံမည်ဟုပြောထားကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်ချမ်းက ဆိုသည်။

    ဧပြီလ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ယာဉ်အမှတ်(1B/2041) Nissan အမျိုးအစား၊ ဘိလပ်မြေအိပ်များတင်ဆောင်သည့် (၁၂) ဘီးတပ်မော်တော်ယာဉ်အရှိန်မထိန်းနိုင်ဘဲ လူတစ်ရပ်ခန့်မြင့်သည့် မြို့လယ်အဝိုင်းအုတ်ခုံကိုကျော်တက်တိုက်မိပြီး ရွှေဟင်္သာရုပ်တုလုံးဝပျက်စီးသွားသည့်အတွက် ယာဉ်မောင်း မြင့်ဦးနှင့် စပါယ်ယာမျိုးဇော်လတ် တို့နှစ်ဦးအား သံဖြူဇရပ်မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉ ဖြင့် အရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts