Thursday, April 16, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်အဝိုင်းတွင် ဟင်္သာရုပ်ထုပြန်လည်တပ်ဆင်ရန်စီစဉ်

    သံဖြူဇရပ်အဝိုင်းတွင် ဟင်္သာရုပ်ထုပြန်လည်တပ်ဆင်ရန်စီစဉ်

    -

    ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် ပျက်ဆီးခဲ့သည့် သံဖြူဇရပ်မြို့လယ်အဝိုင်းဟင်္သာရုပ်တုနေရာတွင် ရုပ်တုအသစ်ထုဆစ်ပြီး ပြန်လည်တပ်ဆင်ရန် စီစဉ်နေကြောင်း သိရသည်။

    ဟင်္သာရုပ်တုဖြစ်မြောက်ရေး ဦးဆောင်သူ သံဖြူဇရပ်မြို့ နန္ဒဝန်မွန်ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာနွန်က “အစည်းအဝေးမှာ ဟင်္သာရုပ်ပဲ ပြန်တပ်ဆင်မယ်၊ အမြန်ဆုံး တပ်ဆင်နိုင်ဖို့ စီစဉ်နေပါတယ်”ဟု မိန့် ကြားသည်။

    ရွှေဟင်္သာရုပ်တု ယာဉ်တိုက်ခံရပုံ(Facebook)
    အလားတူ စက်စဲ-ကျိုက်ခမီလမ်းခွဲအဝိုင်းတွင် တပ်ဆင်မည့် ဟင်္သာရုပ်တုကိုလည်း ထုလုပ်သွားမည်ဖြစ်ပြီး ပြီးစီးသည့်အခါ တပြိုင်နက်တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

    ပျက်စီးခဲ့သည့် သံဖြူဇရပ်မြို့လယ်အဝိုင်းနှင့် ယခင်ဟင်္သာရုပ်တုအတွက် ထုဆစ်မှုစရိတ်ငွေ စုစုပေါင်းကျပ်သိန်း ၁၀ဝ ခန့်ကုန်ကျခဲ့ပြီး ယခုတဖန် သံဖြူဇရပ်မြို့လယ်အဝိုင်းတွင် မူလအတိုင်းပြန်လည်တပ်ဆင်ရန် ဟင်္သာရုပ်ထုအပါအဝင် ကုန်ကျစရိတ်ငွေအားလုံးကို မော်တော်ယာဉ်ဖြင့်တိုက်ခဲ့သူက အကုန်အကျခံမည်ဟုပြောထားကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်ချမ်းက ဆိုသည်။

    ဧပြီလ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ယာဉ်အမှတ်(1B/2041) Nissan အမျိုးအစား၊ ဘိလပ်မြေအိပ်များတင်ဆောင်သည့် (၁၂) ဘီးတပ်မော်တော်ယာဉ်အရှိန်မထိန်းနိုင်ဘဲ လူတစ်ရပ်ခန့်မြင့်သည့် မြို့လယ်အဝိုင်းအုတ်ခုံကိုကျော်တက်တိုက်မိပြီး ရွှေဟင်္သာရုပ်တုလုံးဝပျက်စီးသွားသည့်အတွက် ယာဉ်မောင်း မြင့်ဦးနှင့် စပါယ်ယာမျိုးဇော်လတ် တို့နှစ်ဦးအား သံဖြူဇရပ်မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉ ဖြင့် အရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks