spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကုန်တင်ကားဝင်တိုက်သဖြင့် သံဖြူဇရပ်မြို့လယ်ရွှေဟင်္သာရုပ်တုပျက်စီး

    ကုန်တင်ကားဝင်တိုက်သဖြင့် သံဖြူဇရပ်မြို့လယ်ရွှေဟင်္သာရုပ်တုပျက်စီး

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ရွှေဟင်္သာရုပ်တုအား ဧပြီလ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က အရက်မူးသမားမောင်းနှင်သည့် ၁၂ ဘီးကုန်တင်ယာဉ် ဝင်တိုက်သဖြင့် ရုပ်တုမြေခ၍လုံးဝပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

    ယာဉ်အမှတ်(1B/2041) Nissan အမျိုးအစား၊ (၁၂)ဘီးတပ်မော်တော်ယာဉ်ပေါ် ဘိလပ်မြေအိပ်များတင်ဆောင်၍ ယာဉ်မောင်း မြင့်ဦး(၃၈)နှစ်၊ ခေါဇာမြို့နေထိုင်သူ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လူတစ်ရပ်ခန့်မြင့်သည့် မြို့လယ်အဝိုင်းအုတ်ခုံကိုကျော်တက်ကာ ဝင်ရောက်တိုက်မိသဖြင့် ရွှေဟင်္သာရုပ်တုလုံးဝပျက်စီးသွားသည်ဟု ဆိုသည်။

    သံဖြူဇရပ်မြို့လယ်ရွှေဟင်္သာရုပ်တုမြေခနေပုံ(Facebook)

    ‘‘အဝိုင်းကို ကွေ့မဝင်ဘဲ တည့်တည့်ဝင်တိုက်တဲ့အရှိန်က တော်တော်ပြင်းပါတယ်၊ ရွှေဟင်္သာရုပ်တုလည်း လဲကျသွားတယ်၊ ယာဉ်ပေါ်ကလူတွေ သေပြီလို့ထင်တာ သွားကြည့်တော့ ဒရိုင်ဘာရော ယာဉ်နောက်လိုက် နှစ်ယောက်စလုံး အရက်မူးနေတာ’’ ဟု မြို့လယ်အဝိုင်းအနီးရှိ ဆိုင်ကယ် Taxi မောင်းသမားတစ်ဦးက ပြောသည်။

    အများပြည်သူပိုင်လမ်းမပေါ်တွင် မော်တော်ယာဉ်မဆင်မခြင်မောင်းနှင်သူ မြင့်ဦးအား သံဖြူဇရပ်မြို့မရဲစခန်းက ယာဉ်(ပ)၂၀/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    “အခုဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၁၅၀ လောက်ရှိပါတယ်၊ ဒီဟင်္သာရုပ်တုကို လွန်ခဲ့တဲ့နှစ်လလောက်ပဲ တပ်ဆင်ခဲ့တာ” ဟု သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

    အဆိုပါ ရွှေဟင်္သာရုပ်တုကို သံဖြူဇရပ်မြို့ခံ မွန်တိုင်းရင်းသားများက ပြုလုပ်တပ်ဆင်ပြီး အကြိမ် (၇၀)မြောက် မွန်အမျိုးသားနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) တွင် ဖွင့်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    မွန်တိုင်းရင်းသားတို့၏ အမျိုးသားသင်္ကေတ ရွှေဟင်္သာရုပ်တုများအား မွန်ဒေသအနှံ့အပြားတွင် အမှတ်တရထားရှိကြသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks