Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး၁၃နှစ်ကြာ တရုတ်နိုင်ငံတွင်အိမ်အကူဇနီးမယားအဖြစ် ရောင်းစားခံရသူတစ်ဦး ပြန်လည်ရောက်ရှိ

၁၃နှစ်ကြာ တရုတ်နိုင်ငံတွင်အိမ်အကူဇနီးမယားအဖြစ် ရောင်းစားခံရသူတစ်ဦး ပြန်လည်ရောက်ရှိ

-

၁၃နှစ်ခန့်ကြာ တရုတ်နိုင်ငံတွင် အိမ်အကူ ဇနီးမယားအဖြစ် ရောင်းစားခံရသူ မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာတွင် နေထိုင်သူအမျိုးသမီးသည် မိမိနေအိမ်သို့ ဧပြီ ၂၃ရက် နံနက် ၉နာရီခန့်က ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

“အခုတော့ အိမ်မှာမရှိဘူး။ အဖေတို့နဲ့ မော်လမြိုင်ကို သွားတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု မိသားစုဝင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပြန်လည်လွတ်မြောက်လာသူအား မိသားစုနှင့်အတူတွေ့မြင်ရစဉ်(Nai Ko Thu)

ပြန်လည်လွတ်မြောက်လာသူ အဆိုပါအမျိုးသမီး(အသက် ၃၀ ခန့်) သည် လွန်ခဲ့သော ၁၃နှစ်ခန့်က ရေးမြို့နယ်ရှိ အဘွားကို ပြုစုရန် သွားရောက်ခဲ့ပြီး မုဒုံမြို့သို့ ရထားဖြင့် အပြန်တွင် လူကုန်ကူးခံရပြီး တရုတ်နိုင်ငံ He Nan ပြည်နယ်၊ Zhi Fang ခရိုင်၊ Ruzhou ကျေးရွာ၊ Wuxun ရွာမြောက်ပိုင်း၊ Bei Hou လမ်း၊ အိမ်အမှတ် ၁၈၈ တွင် နေထိုင်သူ TU RU GOU ထံတွင် ရောင်းစားခံခဲ့ရကြောင်း သိရသည်။

၄င်းသည် လူကုန်ကူးခံရပြီး ၁၃ နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် ဖုန်းစတင်ကိုင်ခွင့်ရခဲ့ရာ wechat မှ တဆင့် မြန်မာနိုင်ငံသားများကို လိုက်လံအကူအညီတောင်းခံခဲ့ရာ ရန်ကုန်မြို့နေ နိုင်ကိုသူနှင့် အဆက်အသွယ်ရခဲ့ရာ ယင်းသူမှ ကူညီပေးသဖြင့် သူမ၏ မိဘများဖြင့် အဆက်အသွယ် ရရှိခဲ့ခြင်း ဖြစ်သည်။

ကူညီပေးသူ နိုင်ကိုသူမှ ၈၈မျိုး(ငြိမ်း/ပွင့်)မှ ကိုကိုကြီး၊ မမီးမီး၊ ကိုစိုးမိုး(သူကြီး)၊ ကိုညိုမင်းတို့နှင့် မော်လမြိုင်မြို့ရှိ မွန်အမျိုးသားပါတီဝင်များနှင့် တွေ့ဆုံကာ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လူကုန်ကူးမှု တားစီးနှိမ်နှင်းရေးတပ်ဖွဲ့ တပ်ဖွဲ့စု ၉ မှ ဒုရဲမှူး ဦးစန်းဦး နှင့် တွေ့ဆုံ ဆွေးနွေးကာ ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ အမှုတွဲအမှတ် ပ-၁၅၅/၂၀၁၇ဖြင့် အမှုဖွင့်ခဲ့သည်။

ထိုမှတဆင့် မူဆယ် လူကုန်ကူးမှု တားစီးနှိမ်နှင်းရေးတပ်ဖွဲ့ နှင့် တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှာဖွေကာ ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts