spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၉ လိုင်းသာ ပိတ်ရက်မရှိပြေးဆွဲမည်

    မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၉ လိုင်းသာ ပိတ်ရက်မရှိပြေးဆွဲမည်

    -

    မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း ၉ လိုင်းသာ ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲသွားမည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

    “ယာဉ်လိုင်းတွေက သင်္ကြန်အကြိုနေ့က စပြီး နားကြမယ်၊ နှစ်ဆန်းတစ်ရက်နေ့အထိပေါ့၊ ဒီနှစ်မှာ ပိတ်တဲ့ ယာဉ်လိုင်းတွေ များတယ်၊ သင်္ကြန်ကာလဆိုတော့ လမ်းမှာ ယာဉ်ကြောပိတ်ဆို့တော့ ယာဉ်မတော်တဆမှုတွေ ဖြစ်မှာကြောက်လို့ ယာဉ်လိုင်း ၉ လိုင်း လောက်ပဲရှိတယ်” ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

    မော်လမြိုင်အဝေးပြေးကားဝင်း(Facebook)

    အဆိုပါ ပုံမှန်ပြေးဆွဲမည့် ယာဉ်လိုင်း ၉ လိုင်းမှာ PTT ၊ ယူနီဗာဆယ်၊ မန္တလာမင်း၊ မြရတနာ၊ ခေတ်ကောင်းစံ၊ စိုးမိုးအောင်၊ ထွန်းမြင့်မိုရ်၊ အာကာမင်းနှင့် မိဟာရယာဉ်လိုင်းတို့ဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

    “သင်္ကြန်ကာလဆိုတော့ ခရီးသည်တွေလည်း အနားယူကြမယ်ဆိုတော့ ခရီးသွားတွေ သိပ်မရှိဘူး ဒါကြောင့် နားတာ သင်္ကြန်ပြီးရင်တော့ ပုံမှန်ပြန်ဆွဲမှာပါ” ဟု မော်လမြိုင်- ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    သင်္ကြန်ပွဲတော်ကာလ ရုံးပိတ်ရက်များတွင် ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခနှုန်းထားများ ပိုမရောင်းရန်နှင့် ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကို ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ မတ်လ ၂၈ ရက်နေ့က စာဖြင့် တရားဝင်ထုတ်ပြန်ထားသည်။

    သင်္ကြန်ကာလတွင် ယာဉ်ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားရန်အတွက် မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယာဉ်စီးခ ပိုမိုကောင်းခံသည့် ယာဉ်လိုင်းများကို ၇ ရက်ထိ ခရီးသွားလာရေ ပိတ်ပင်သွားမည်ကြောင်း ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

    ယခုနှစ် မွန်ပြည်နယ်တွင် မော်လမြိုင်-ရန်ကုန်နှင့် မော်လမြိုင်- ထားဝယ် ခရီးစဉ် ပုံမှန်ပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်း စုစုပေါင်း ၆၂ လိုင်းရှိပြီး သင်္ကြန်ကာလတွင် ယာဉ်လိုင်း ၉ လိုင်းသာ ပုံမှန် ပြေးဆွဲမည်ဖြစ်သည်။

    ၂၀၁၆ ခုနှစ်တုန်းက အဝေးပြေးယာဉ်လိုင်း ၅၀ လိုင်းရှိပြီး သင်္ကြန်ကာလတွင် ယာဉ်လိုင်း ၁၀ လိုင်း ပိတ်ရက်မရှိ ပြေးဆွဲခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts