spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ၄ ထောင်ကျော်ရှိ

    မွန်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ၄ ထောင်ကျော်ရှိ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွင် မတ်လ ၃၁ ရက်နေ့အထိ ကြိုတင်မဲပေးသူဦးရေ ၄ ထောင် ကျော်ရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

    မတ်လ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကြိုတင်မဲ စုစုပေါင်း ၄၄၄၄ ရှိသည့်အနက် အများစုတွင် အသက်ကြီးရွယ်အိုများနှင့် အစိုးရဝန်ထမ်းများဖြစ်ပြီး နိုင်ငံခြားရောက် ကြိုတင်မဲပေးသူတစ်ဦးရှိသာရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးထွန်းရီက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကြိုတင်မဲပေးသူတစ်ဦး(MNA)
    ဦးထွန်းရီ က “ ပြည်ပရောက် ကြိုတင်မဲကတော့ ၁ ဦးပဲရှိပါတယ်၊ ကြိုတင်မဲအများစုထည့်တာကတော့ အသက်ကြီးအရွယ်အိုတွေ၊ နာမကျန်းဖြစ်နေတဲ့သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ထည့်တာများတယ်” ဟုပြောသည်။

    ကွမ်ယိုက်ကျေးရွာတွင် ကြိုတင်မဲ ၃၆၇ အများဆုံးဖြစ်ပြီး အနည်းဆုံးမှာ ဆယ်ပလာကျေးရွာမှ ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကြိုတင်မဲပေးသူဦးရေ ၅၆၁၉ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

    ဧပြီလ ၁ရက် ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၆,၂၂၅ ဦးရှိပြီး ကျေးရွာပေါင်း ၇၈ ခုတွင် မဲရုံ ၆၂ ရုံဖွင့်လှစ်ထားကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ချောင်းဆုံမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၂၇,၂၄၉ ဦးမှ မဲပေးသူ ၅၆၅၇၃ ဦးရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks