spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မဟာသင်္ကြန်ပွဲတော် ငွေကျပ်သိန်း ၅၀ဝ လျာထား

    မွန်ပြည်နယ်မဟာသင်္ကြန်ပွဲတော် ငွေကျပ်သိန်း ၅၀ဝ လျာထား

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ် ပြည်နယ်အဆင့် မဟာသင်္ကြန်ပွဲတော်အတွက် ဘတ်ဂျက် ငွေကျပ် သိန်း ၅၀ဝ အသုံးပြုရန် လျာထားသည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

    ယမန်နှစ်က ပြည်နယ်အဆင့် မဟာသင်္ကြန်ပွဲတော်အတွက် ငွေကျပ် ၈၅ သိန်းသာအသုံးပြုခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၅၀ဝ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း ဘတ်ဂျက်ငွေ တိုးမြှင့်အသုံးပြုမည်ဖြစ်သည့်အတွက် ယခုနှစ်ဗဟိုသင်္ကြန်သည် ယမန်နှစ်ကထက် ပိုမိုပြီး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်နိုင်မည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    မော်လမြိုင်သင်္ကြန်ပွဲတော်ဗဟိုစင်မြင့်(Internet)

    “မနှစ်ကဆောင်ရွက်တဲ့အပေါ်မှာ ၈၅ သိန်းနဲ့ ငွေကြေးက မလုံလောက်ဘူး၊ ဘေးက ဝိုင်းပြီးတော့ ပံ့ပိုးပေးရတာရှိတယ်၊ ရှိတဲ့အခါကျတော့ ဒီနှစ် အဲလိုမျိုးမဖြစ်ရလေအောင် ကိုယ့်ငွေကြေးနဲ့ ကိုယ့်ဟာကိုယ် လုံလုံလောက်လောက်နဲ့ ဆောင်ရွက်ချင်လို့ အဓိကပေါ့နော် အခြား ကူညီပံ့ပိုးတာမျိုး မဆောင်ရွက်ချင်လို့ ဒီသဘောပါ” ဟု ၄င်းက ပြောသည်။

    ၄င်းအပြင် ယခုနှစ် ပြည်နယ်အဆင့် ဗဟိုသင်္ကြန်ပွဲတော်အတွက် ငွေကြေးရန်ပုံငွေ လုံလောက်မှုရှိနေသည့်အတွက် ငွေကြေး အလှူခံခြင်းကိုလည်း ဆောင်ရွက်တော့မည်မဟုတ်ကြောင်း ပြောသည်။

    အဆိုပါ ငွေကျပ် သိန်း ၅၀ဝ ဖြင့် ဗဟိုမဏ္ဍပ်တည်ဆောက်ခြင်း၊ ပိတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပြခြင်း၊ ယိမ်းအက ဖျော်ဖြေရေးအတွက် စီစဉ်ခြင်း၊ ဆုချီမြှင့်ခြင်း၊ ရေကစားရန်ဆောင်ရွက်ခြင်း၊ သက်ကြီးပူဇော်ပွဲအတွက်ဆောင်ရွက်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။

    “ဗဟိုမဏ္ဍပ်ကတော့ နှစ်တိုင်းစည်တယ်၊ ညနေပိုင်းဆို သွားလာလို့တောင်မရဘူး၊ ဒီနှစ် ပိုစည်အောင်လုပ်မယ်ဆိုတော့ ပိုကောင်းတာပေါ့” ဟု မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

    ယခင်နှစ်က မော်လမြိုင်မြို့ပေါ်တွင် ရေကစားမဏ္ဍပ် ၁၇ ခု ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ရေကစားမဏ္ဍပ်အရေအတွက်သည် ယမန်နှစ်ပမာဏအတိုင်း တည်ရှိမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    မွန်ပြည်နယ်၏ သင်္ကြန်ပွဲတော်သည် စည်ကားလှသည့် ပွဲတော်တခုဖြစ်ကာ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်စဲကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူတို့ကြောင့် အစည်ကားဆုံးနေရာတစ်ခုဖြစ်ပြီး သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ရိုးဂိုးကျေးရွာတို့တွင် အစည်ကားဆုံးနေရာဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks