spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း၁၃ နှစ်ကြာလူကုန်ကူးခံရသူ မွန်ပြည်နယ်မှအမျိုးသမီးအား တရုတ်ရဲစစ်ဆေးမေးမြန်း

    ၁၃ နှစ်ကြာလူကုန်ကူးခံရသူ မွန်ပြည်နယ်မှအမျိုးသမီးအား တရုတ်ရဲစစ်ဆေးမေးမြန်း

    -

    မွန်ပြည်နယ်မှ (၁၃) နှစ်ကြာပျောက်ဆုံးခဲ့ပြီး တရုတ်ပြည်တွင် လူကုန်ကူးရောင်းစားခံနေရသည့် အမျိုးသမီးတစ်ဦးအား တရုတ်ရဲစခန်းတစ်ခုက ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိကြောင်း မူဆယ်မြို့ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲမှူးခင်မောင်ဦးမှ သိရသည်။

    “ရဲတွေက သူ့ကို နယ်မြေခံရဲစခန်းကို ပို့ပြီး အဲ့စခန်းကို ကျွန်တော်တို့ဆက်သွယ်ကြည့်တော့ ဟုတ်တယ်၊ စီစစ် နေတုန်းပဲလို့ ပြောတယ်၊ စီစစ်ပြီး ကျွန်တော်တို့ဆီ မြန်မြန်လွှဲပေးဖို့အတွက်လည်း သူတို့ကို ရွှေလီက (BLO) ကနေ တစ်ဆင့်ပြောထားတယ်၊ မနေ့က ရွှေလီကိုရောက် တော့ အဲ့အကြောင်းမေးကြည့်တော့ ဟိုကနေ ရွှေလီကို သူတို့ လာပို့ပေးမယ်လို့ ပြောတယ်” ဟု ရဲမှူးခင်မောင်ဦးက ပြောသည်။

    Stop Human Trafficking(Internet)

    အဆိုပါ မူဆယ်မြို့မှ လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ မြန်မာပြည်၏ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (Border Liaison office- BLO) သို့ ဆက်သွယ်ထားကြောင်း၊ နိုင်ငံကူးလက်မှတ်မရှိသည့်အတွက် တရုတ်နယ်ခံရဲစခန်းများကိုလည်း လူကုန်ကူးမှုလက်ခံနိုင်အောင် ရှင်းလင်းပေးထားကြောင်း၊ လွတ်မြောက်လာရန် ကူညီဆောင်ရွက်ပေး နေကြောင်း ၄င်းကဆက်ပြောသည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လူကုန်ကူးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ၄င်းဖြစ်စဉ်အချက် အလက်များကို မူဆယ်ရှိ လူကုန်ကူးတား ဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စုသို့ ဆက်သွယ်ပေးပို့ခဲ့ကြောင်း၊ ၄င်းနောက် ထိုအမျိုးသမီးထံဖုန်းနှင့် တိုက်ရိုက်ပြောဆိုခဲ့ရပြီး တရုတ်ရဲဋ္ဌာနသို့ အကူညီတောင်းရန် ညွှန်ကြားခဲ့ကြောင်း ရဲမှူးခင်မောင်ဦးက ဆိုသည်။

    မတ်လ (၂၁) ရက်နေ့က အဆိုပါအမျိုးသမီးနေထိုင်သည့်အိမ်မှ တရုတ်ရဲများ လာရောက်ခေါ်ဆောင်သွားပြီး သက်ဆိုင်သည့်နယ်မြေရဲစခန်း၌ ခေါ်ယူစီစစ်နေဆဲဖြစ်သည့်အတွက် သူမ၏ဖုန်းကိုလည်း သိမ်းထားသည်ဟု ဆိုသည်။

    “သူ့(လူကုန်ကူးခံအမျိုးသမီး)ကို တရုတ်ရဲတွေလာခေါ်ပြီး ရဲစခန်းရောက်တဲ့အချိန်ထိက အစ်ကိုယ်တို့ သူနဲ့ အဆက်သွယ်တွေရသေးတယ်၊ နောက်ပိုင်းဒီနေ့အထိ အဆက်သွယ်လုံးဝမရသေးဘူး” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၄င်းကိစ္စလိုက်ပါဆောင်ရွက်ပေးနေသူ နိုင်ကိုသူက ပြောသည်။

    (၁၃) နှစ်ကြာ လူကုန်ကူးခံပျောက်ဆုံးခဲ့သော အဆိုပါမိန်းကလေးသည် ယခုနှစ်တွင်ဖုန်းသုံးစွဲခွင့်ရရှိခဲ့ရာမှ အင်တာနက်လိုင်းကနေတစ်ဆင့် မြန်မာနိုင်ငံသားများကို လိုက်လံကူညီ တောင်းခံခဲ့ရာကနေ မတ်လ (၂၀) ရက်နေ့က (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အား WeChat အဆက်သွယ်ရရှိခဲ့ကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့က ထိုမိန်းကလေး၏ မိဘများအား စုံစမ်းရှာဖွေကာ မိသားစုများနှင့်ဆက်သွယ်ပေးခဲ့ကြောင်း၊ ထိုနောက် ၈၈ မျိုးဆက်အဖွဲ့လက်ခံရရှိထားသော အချက်အလက်များကို မော်လမြိုင်မြို့ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ကြောင်း သိရသည်။

    မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာဇာတိဖြစ်သူ အဆိုပါအမျိုးသမီးအသက် ၁၇ နှစ်အရွယ်ခန့်က ရေးမြို့နယ်ရှိ သူမ၏အဘွားအိမ်​တွင်​ နေထိုင်​ခဲ့ပြီး သင်္ကြန်​မတိုင်ခင် မိဘရှိရာနေအိမ်​ရှိရာ မုဒုံမြို့သို့ မီးရထားဖြင့်ပြန်​လာစဉ်​ ​လမ်းတွင်ပျောက်​ဆုံးခဲ့​သည်မှာ ယခုအခါ ၁၃ နှစ်ကြာမြင့်ပြီဖြစ်ကြောင်း၊ ယခုနှစ်​ မတ်​လအတွင်း မိဘများနှင့်ဖုန်းအဆက်​သွယ်​ရသဖြင့် တရုတ်​ပြည်​တွင်​ ရောင်းစားခံနေရကာ တစ်​​နေရာ​မှတစ်နေရာပြောင်းရွှေ့ခံရပြီး ယခုအခါအိမ်​အလုပ်​နှင်​့ ဆိတ်​​ကျောင်​း​နေရကြောင်​း မိဘများထံမှ သိရသည်​။

    အဆိုပါလူကုန်ကူးအမှုကို မတ်​ ၁၉ ရက်​​နေ့က အမှုတွဲအမှတ်(ပ-၁၁၅/၂၀၁၇) ရာဇသတ်​ကြီးပုဒ်​မ ၃၃၆ ဖြင့် မုဒုံမြို့မရဲစခန်း​တွင်​ မိဘဖြစ်သူများက အမှုဖွင့်​တိုင်ကြားထား​ကြောင်​း သိရသည်​။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks