spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်ကျေးရွာပေါင်း ၅၀ ကျော်တွင် ရေပေးဝေရန်လျာထား

    မွန်ပြည်နယ်ကျေးရွာပေါင်း ၅၀ ကျော်တွင် ရေပေးဝေရန်လျာထား

    -

    ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မွန်ပြည်နယ်အတွင်းရှိ နှစ်စဉ် ရေရှားပါးလျက်ရှိသည့် မြို့နယ် ၈ ခုရှိ ကျေးရွာပေါင်း ၅၄ ရွာတို့တွင် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

    အဆိုပါ ဦးစီးဌာနသည် မတ်လ ဒုတိယပတ်မှ စတင်ကာ ရေးပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ရေးမြို့ ကျေးရွာ ၁ ရွာ၊ ချောင်းဆုံ ၄ ရွာ၊ သထုံ ၃ ရွာ၊ ကျိုက်ထို ၁ ရွာ၊ ဘီးလင်း ၇ ရွာ နှင့် ပေါင် ၈ ရွာ၊ ရေဂါလံပေါင်း ၅၅၂၆၆ ဂါလံ ဖြန့်ဝေပြီးစီးခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းနိုင် က မွန်သတင်းအေဂျင်စီ သို့ပြောကြားခဲ့သည်။

    ရေရှားပါးကာလ ရေခပ်နေရစဉ်(Internet)

    ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းနိုင် က “ဒီနှစ်မှာ မတ်လ ၁၀ ရက်နေ့လောက်မှ တစ်ချို့ရေတွင်း၊ ရေကန်တွေ ရေခမ်းတယ်၊ မြို့နယ် ၆ ခု နဲ့ ကျေးရွာပေါင်း ၂၄ ရွာ ရေပေးဝေထားပြီးပြီး၊ အဲသလိုရေပေးဝေတဲ့နေရာမှာ သက်ဆိုင်ရာကျေးရွာတွေက တောင်းဆိုတာရှိသလို ဌာနအနေနဲ့ ရေရှားတာသိရင် ကားစီစဉ်ပြီးတော့ သွားရောက် ဝေပေးတာလည်းရှိပါတယ်” ဟုပြောသည်။

    ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေးလုပ်ငန်းတွင် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရော၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင် ကျေးရွာပေါင်း ၈၇ ရွာတို့တွင် တွင်းတိမ် ၁၂ ခု၊ တွင်းနက် ၂၀၊ လက်တူးတွင်း ၁၇၊ ရေကန် ၁၅၊ စိမ့်စမ်း ၁၃ ခု၊ အခြား ၂၀ စုစုပေါင်း ကုန်ကျငွေ ကျပ်သန်း ၉၀ဝ.၃၆ ရှိကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

    ပေါင်မြို့နယ်၊ ထန်းပင်ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က “ ဘိုင်းလောင်းရွာ (ထန်းပင်ချောင်းကြီး) ကတော့ ပင်လယ်နဲ့နီးတော့ သုံးရေတော့ရတယ်၊ နောက် ကျေးလက်က ရေကန်တူးထားပေးတာရှိတယ်၊ ရေကန်အသစ်ဆိုတော့ ရေနောက်တာရှိတယ်၊ သောက်ရေကျတော့ ပေါင်မြို့အထိ သွားခပ်ရတယ်” ဟုပြောသည်။

    အဆိုပါဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ ကျေးလက် တံတား၊ မီးလင်းရေး၊ အိမ်ယာ၊ ကျေးလက်သန့်ရှင်းသော ယင်လုံအိမ်သာ၊ ရေပေးဝေရေး လုပ်ငန်း ၆ မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

    မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်၊ မုဒုံ၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်၊ သထုံ၊ ဘီးလင်း မြို့နယ် ၉ ခုနှင့် ကျေးရွာပေါင်း ၇၄ ရွာအတွက် ရေဂါလံ ၄ သိန်းဂါလံနီးပါးခန့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks