spot_img
Tuesday, March 3, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးသံလွင်တံတား(ချောင်းဆုံ) ကိစ္စ လူထုအင်အား ၂ သောင်းဆန္ဒပြပွဲ ခွင့်ပြုချက်ရရှိ

    သံလွင်တံတား(ချောင်းဆုံ) ကိစ္စ လူထုအင်အား ၂ သောင်းဆန္ဒပြပွဲ ခွင့်ပြုချက်ရရှိ

    -

    သံလွင်တံတား(ချောင်းဆုံ) အား ‘ ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟုပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့်အပေါ် လာမည့်မတ်လ ၁၉ရက်နေ့၌ မွန်တစ်မျိုးသားလုံးအသွင်ဖြင့်လူထုအင်အား ၂ သောင်း ချီတက်ဆန္ဒဖော်ထုတ်ရန် ငြိမ်းစုစီဥပဒေအရခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရေးကော်မတီထံမှသိရသည်။

    အဆိုပါသံလွင်တံတား (ချောင်းဆုံ) ဆန္ဒဖော်ထုတ်ပွဲအတွက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အတူ မတ်လ ၁ရ ရက်နေ့၌မြို့နယ်ရဲတပ်ဖွဲ့မှ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူနိုင်အောင်မွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

     မတ်လ ၂ ရက်နေ့ ချောင်းဆုံမြို့နယ် ဒေသခံ (၃၀၀၀)ကျော်တောင်းဆိုဆန္ဒပြပွဲ(MNA)[/caption]နိုင်အောင်မွန် က “ဆန္ဒဖော်ထုတ်ရာမှာ နိုင်ငံတော် အစိုးရမှချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျနော်တို့တတ်နိုင်သလောက် လိုက်နာသွားမယ်၊ စာတင်ထားတဲ့အတိုင်းဖြစ်အောင်တော့ စီမံခန့်ခွဲသွားမယ်” ဟုပြောသည်။

    ဆန္ဒထုတ်ဖော်ရေးကော်မတီဝင် ၉၆ ဦးဖွဲ့စည်းထားပြီးမြို့နယ်အသီးသီးမှ မွန်ဒေသခံပြည်သူများအား ဆန္ဒဖော်ထုတ်ပွဲတွင်ပူးပေါင်းပါဝင်ရန် သွားရောက်နှုိးဆော်ထားကြောင်း ၄င်းကဆက်ပြောသည်။

    ၄င်းဆန္ဒထုတ်ဖော်ပွဲ၌ “ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိ” “ဒေသခံ တိုင်းရင်းသားများ၏ဆန္ဒ အသိအမှတ်ပြုရေး” “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” “စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး” “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး”စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

    ရန်ကုန်မွန်လူငယ်အဖွဲ့ ဥက္ကဌ မင်းထွန်းမင်းက “ မော်လမြိုင်- ချောင်းဆုံသံလွင်မြစ်ကူးတံတား ဆန္ဒပြဖို့ အတွက်ကို မွန်လူငယ်အဖွဲ့အနေနဲ့ရန်ကုန်မြို့ပေါ်က မွန်ပြည်သူတွေ၊ မွန်လူငယ်တွေ၊မွန်အဖွဲ့အစည်းအသီးသီး ပါဝင်လာအောင် ဖုန်း၊ အွန်လိုင်းမှတဆင့်လူစုပြီး ဖိတ်ကြားတာရှိပါတယ်”  ဟုပြောသည်။

    ဆန္ဒဖော်ထုတ်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားများ၊ ရန်ကုန်ရှိ မွန်ပြည်သူများဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး တက်ရောက်လာသူကိုယ်စား ၃ ဦး ဟောပြော သွားမည် ဖြစ်ကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ချောင်းဆုံမြို့နယ်ဒေသခံ (၃၀၀၀) ကျော်တို့ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သော်လည်းပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်တံတားအဖြစ်ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks