spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပြည်သူ့လွှတ်တော်အတည်ပြု

    ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပြည်သူ့လွှတ်တော်အတည်ပြု

    -

    မွန်ပြည်နယ် မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) ကိုဆက်သွယ်သည့် သံလွင်မြစ်ကူးတံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဖြစ် အတည်ပြုကြောင်း မတ်လ ၁၄ ရက်နေ့က ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

    ယင်းတံတားအမည်ကိစ္စအား ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၁၅ ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူရှိသဖြင့် စက်ခလုတ်နှိပ်မဲပေးရာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနှင့် ကြားနေမဲ ၁၁၆ မဲဖြင့်အဆိုကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

    ပြည်သူ့လွှတ်တော်၏မဲရလာဒ်အဖြေ(Internet)

    ပြည်ခိုင်ဖြိုးပါတီဝင် မင်းကင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က “လွှတ်တော်ဟာ တံတား နာမည်ပေးကင်မွန်းတပ်ရမယ့် နေရာမဟုတ်သလို၊ လွှတ်တော်မှာ ဥပဒေပြုခြင်းနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အပြန်အလှန်ထိန်းကျောင်းခြင်းဖြစ်တယ်၊ တံတားနာမည်ပေးခြင်းက အစိုးရရဲ့တာဝန်ဖြစ်ပြီး လွှတ်တော်ရဲ့တာဝန်က အစိုးရလုပ်ဆောင်တာကိုမ ကြိုက်ရင် ထိန်းကျောင်းပေးရမယ့်တာဝန်တာဖြစ်တယ်”ဟု ထောက်ပြခဲ့သည်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းက သံလွင်တံတား(ချောင်းဆုံး)အား ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

    “ဒီတံတားအမည်ကို ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ ဆန္ဒအတိုင်းမပေးပဲ “ဗိုလ်ချုပ်အောင်ဆန်း” အမည်နဲ့ပဲ ဆက်လက်အတည်ပြုသွားလိုက်တယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဆက်လက် ဆန္ဒပြသွားမယ်” ဟု မွန်အမျိုးသားရေးလှုပ်ရှားသူ နိုင်မွန်ရာဇာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဗိုလ်ချုပ်အောင်ဆန်းတံတား” အတည်ပြုလိုက်သည့်အပေါ် လာမည့်မတ်လ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်မှ ပြည်သူလူထု အင်အားတစ်သောင်းခန့် မော်လမြိုင်မြို့ပေါ်တွင် ထပ်မံဆန္ဒထုတ်ဖော်သွားရန်စီစဉ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. Naming the bridge that connected Bloo Kyun and Maulmein (Mawlamyine) over Thanlwin river isn’t finished yet even Pyithuhlutdaw overwhelming favour votes to do so, it is liable to Government for such decision to put the name of building they have built. So to show or exhibit the will of native Mon people is likely a vital role in the circumstance I think. So this is a great opportunity for Mon ‘s CSO and National Mon leader ‘s Organisation capabilities to protest against the authority for their will so far.

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks