spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးချောင်းဆုံ-မော်လမြိုင်သို့ လိုင်းကား အစီး ၁၃၀ ကျော် ပြေးဆွဲရန် စီစဉ်နေ

    ချောင်းဆုံ-မော်လမြိုင်သို့ လိုင်းကား အစီး ၁၃၀ ကျော် ပြေးဆွဲရန် စီစဉ်နေ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံ(ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပြီးချိန်တွင် ချောင်းဆုံ-မော်လမြိုင်သို့ လိုင်းကားအစီး ၁၃၀ ကျော် ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေသည်ဟု ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) မှ သိရသည်။

    ချောင်းဆုံနှင့် မော်လမြိုင်သို့ ပြေးဆွဲမည့် လိုင်းကားအစီး ၁၃၀ ကျော်ကို တိုးချဲ့ယာဉ်လိုင်စင်ရရှိရန်အတွက် ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းရေးမှုဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) ဥက္ကဌ ဦးဝင်းသိန်းက ပြောသည်။

    ဧပြီလတွင်ဖွင့်လှစ်မည့် မော်လမြိုင်-ဘီလူးကျွန်းကို ဆက်သွယ်သည့်သံလွင်မြစ်ကူးတံတား(Internet)

    “ချောင်းဆုံမှာရှိနေတဲ့လိုင်းကားက အစီးရေ ၁၇၀ လောက်ရှိတယ် လောလောဆယ်မှာ အစီး ၁၃၀ ကျော်ဘဲ တိုးချဲ့လိုင်စင် လျှောက်ထားတယ် ကျန်တဲ့ကားအစီးရေတွေကို နောက်မှ တိုးချဲ့ဆက်လုပ်သွားမယ်” ဟု ချောင်းဆုံ ယထက ဥက္ကဌ ဦးဝင်းသိန်းက ပြောသည်။

    ယာဉ်စီးခကို ဂိတ်စမှ ဂိတ်ဆုံးထိကို ကျပ် ၁၅၀ဝ သတ်မှတ်ထားပြီး စီးသည့်နေရာပေါ်မူတည်ကာ ဈေးနှုန်းကွာခြားသွားမည်ဖြစ်ပြီး ယာဉ်ထွက်ချိန်ကိုလည်း အတိအကျသတ်မှတ်ထားခြင်းမရှိသေးဘဲ ခရီးသည်အနည်းအများပေါ်မူတည်ပြီး ယာဉ်ထွက်ချိန် သတ်မှတ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အချိန်အတိကျသတ်မှတ်သွားမည်ဟုဟု ၄င်းက ဆက်ပြောသည်။

    ချောင်းဆုံဘက်ခြမ်း၌ ယာဉ်ရပ်နားရာနေရာမရှိသေးသည့်အတွက် ယာဉ်လိုင်းများရပ်နားရန် အခက်အခဲရှိနေသည့်အနေအထားဖြစ်ကြောင်း လက်ရှိတွင် ယာဉ်များကို ချောင်းဆုံမြို့ တိုးချဲ့ရပ်ကွက်ရှိ စုပေါင်းရုံးဈေးနေရာတွင် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် ညှိနှိုင်းပြီး ယာယီရပ်နားထားရှိရန် စီစဉ်ထားသည်ဟု မြို့နယ် ယထကမှ သိရသည်။

    “ချောင်းဆုံ-မော်လမြိုင် လိုင်းကားပြေးဆွဲဖို့ လျှောက်တင်ထားကို အန်တီတို့က ပြည်နယ်အစိုးရကို တင်ရတယ်၊ ပြည်နယ်အစိုးရက ခွင့်ပြုချက်ကျလာမှ ပြေးဆွဲလို့ရတယ်” ဟု ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နုနုဆွေက ပြောသည်။

    ချောင်းဆုံသို့ ပြေးဆွဲရန်အတွက် သိန်းသန်းကျော်၊ ရွှင်လန်းနှင့် ရိုးရိုးလေးယာဉ်လိုင်းတို့လည်း တိုးချဲ့ယာဉ်လိုင်စင်လျှောက်ထားကြောင်း၊ လက်ရှိတွင် ရန်ကုန်-မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲမည့် သိန်းသန်းကျော်ယာဉ်လိုင်းနှင့် မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲမည့် ရွှင်လန်းယာဉ်းနှစ်လိုင်းတို့ လိုင်စင်ကျထားပြီးဖြစ်ကြောင်း ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရသည်။

    မော်လမြိုင်မြိုဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်း ကညှော်သို့ ဆက်သွယ်တည်ဆောက်ထားသည့် သံလွင်တံတား (ချောင်းဆုံ) သည် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလပထမအပတ်တွင် ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

    သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးရန် မတ်လ ၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ရာ တံတားအမည်နှင့် ပတ်သက်ပြီး ဌာနေဒေသခံတိုင်းရင်းသားတို့က ကန့်ကွက်လျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks