spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးတိုင်းရင်းသားလူမျိုးများအရေး အကောင်အထည်ဖော်ရန် နည်းဥပဒေရေးဆွဲလျက်ရှိ

    တိုင်းရင်းသားလူမျိုးများအရေး အကောင်အထည်ဖော်ရန် နည်းဥပဒေရေးဆွဲလျက်ရှိ

    -

    တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှစ်ခုကို အရင်ဦးဆုံးအနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအရေး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် နည်းဥပဒေများ ရေးဆွဲလျက်ရှိကြောင်း သိရသည်။

    အဆိုပါ ဦးစီးဌာနှစ်ခုသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန လက်အောက်၌ ဖွဲ့စည်းထားပြီး လက်ရှိတွင် ရုံးအသစ်တည်ဆောက်ခြင်း၊ ဝန်းထမ်းအိမ်ယာ တည်ဆောက်ခြင်း၊ သုတေသနလုပ်ငန်းများသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သေးကြောင်း တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ဦးစီးအရာရှိက မွန်သတင်းအေဂျင်စီ သို့ပြောကြားခဲ့သည်။

    မော်လမြိုင်မြို့ရှိ တိုင်းရင်းသားအရေးနှင့်ပတ်သက်သည့် ဦးစီးဌာန ၂ ခု(MNA)

    ဦးစီးအရာရှိ ဦးချစ်ဇော်လင်း က “တိုင်းရင်းသားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဥပဒေတော့ ဆွဲပြဌာန်းထားပြီးပြီး၊ လက်ရှိနည်းဥပဒေဆွဲနေတယ်၊ မပြီးသေးပါဘူး၊ နည်းဥပဒေဆွဲပြီးတဲ့အခါကျမှ လုပ်ငန်းစဉ်တော်တော်များများကို အကောင်အထည်ဖော်လို့ရမှာပေါ့နော်၊ အခုလောလောဆယ်ကျတော့ ယာယီအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်” ဟုပြောသည်။

    အဆိုပါ နည်းဥပဒေကို အစိုးရသစ်လက်ထက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စတင်ဖွင့်လှစ်ကတည်းက နည်းဥပဒေရေးဆွဲခဲ့ပြီး လက်ရှိတွင် ကနဦးမူကြမ်း အဆင့် သာ ပြီးစီးသေးကြောင်း မွန်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနရုံးထံမှ သိရသည်။

    နည်းဥပဒေ ရေးဆွဲပြီးပါက တစ်ပြိုင်တည်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ဦးစီးဌာနရုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နှင့် ဝန်ထမ်းအင်အား ခန့်အပ်သွားမည်ဖြစ်ကြောင်း ဦးချစ်ဇော်လင်းက ပြောသည်။

    တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှု ဦးစီးဌာ မှ ဒု-ညွှန်ကြားရေးမှူး ဦးဘဆွေ က “ ဆရာတို့ ဌာနအနေနဲ့ နွေရာသီ တိုင်းရင်းသားစာပေ သင်ကြားနိုင်ဖို့အတွက် လူမျိုးစုအသီးသီးမှာရှိတဲ့ ပညာရှင်တွေစုစည်းပြီးတော့ သင်ရိုးညွှန်းတမ်းအတည်ပြုဆွေးနွေးသွားဖို့ရှိတယ်၊ မတူကွဲပြားတဲ့ တိုင်းရင်းသားစာပေတွေကို တစ်ခုတည်းဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ် ” ဟုပြောသည်။

    အဆိုပါ ဦးစီးဌာနသည် တိုင်းရင်းသား စာပေ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူအများစုတိုင်းရင်း သားကဲ့သို့သော တန်းတူအခွင့်အရေး ရရှိစေရန်၊ တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ထားသည်ဟု ဆိုသည်။

    တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့ပြီး လက်ရှိတွင် နည်းဥပဒေရေးဆွဲနေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks