spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးတရားစွဲခံထားရသည့် ၈၈ မျိုးဆက်အဖွဲ့အမှု စီရင်ပိုင်ခွင့်မရှိဟု မော်လမြိုင်ခရိုင်တရားရုံးဆုံးဖြတ်

    တရားစွဲခံထားရသည့် ၈၈ မျိုးဆက်အဖွဲ့အမှု စီရင်ပိုင်ခွင့်မရှိဟု မော်လမြိုင်ခရိုင်တရားရုံးဆုံးဖြတ်

    -

    ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာကဏ္ဍမှ တာတန်ရှိသူ ၃ ဦးအပေါ် တရားစွဲခံထားရသည့်အမှုအား မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံးတွင် စီရင်ချက် ချပိုင်ခွင့် မရှိကြောင်း ယင်းတရားရုံးမှ မတ်လ (၁၀) ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

    အဆိုပါအမှုအား ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ကဏ္ဍမှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင်ထုတ်ဝေခဲ့သည် ‘တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်’ စာအုပ် သည် ဦးရန်လင်းအောင်ပါ ၅ ဦးတို့က မိမိနစ်နာသည်ဟုဆိုကာ စာအုပ်ထုတ်ဝေခဲ့သည့် တာဝန်ရှိသူ ၃ ဦးအား ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားမမှုဖြင့် မော်လမြိုင်ခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

    ၈၈ မျိုးဆက်အဖွဲ့များ မော်လမြိုင်ခရိုင်တရားရုံးရှေ့အမှတ်တရဓါတ်ပုံရိုက်(MNA)

    “ဒီအမှုက မော်လမြိုင်ခရိုင်တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူး။ ဒါကြောင်းမလို့ တရားပြိုင်များနေထိုင်တဲ့ ပြီးတော့ စာအုပ်စဖြန့်ချီတဲ့ ရန်ကုန်မှာပဲ ရုံးပြောင်းစွဲဖို့အတွက် ဒီနေ့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်” ဟု ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။

    ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းသည် လယ်သမားတွေနှင့်ပတ်သတ်၍ ဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်း ဖြစ်ပြီး ကိုယ်ကျိုးအမြတ်အတွက် ဘာတခုမှ ခံစားခွင့်မရှိသည်ကို အထင်ရှားရှိကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။

    တရားလိုဖက်မှ ရှေ့နေဖြစ်သူ ဒေါ်စုသက်အေးက “ဒီအမှုကိုတော့ ပြည်နယ်တရားရုံးကို ဆက်ပြီးအယူခံတက် မှာပါ။ တကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ဒီတရားရုံးမှာပဲ ရင်ဆိုင်မယ်။ မအောင်မြင်ခဲ့ဘူးဆိုရင် သူတို့နေ ထိုင်ရာ အရပ်မှာ သွားရောက် တရားစွဲဖို့ရှိတယ်။ အဲ့သလိုစွဲဆိုတဲ့အခါမှာ တရားလိုရဲ့ သဘောဆန္ဒအရ ပြစ်မှု ကြောင်းသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း၊ နှစ်မျိုးစလုံးသော်လည်းကောင်း စွဲဆိုသွားဖို့ရှိပါ တယ်” ဟု ဆိုသည်။

    ယနေ့တရားရုံးမှ စီရင်ပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်လိုက်ခြင်းသည် အမှုကိုပယ်လိုက်တာမဟုတ်ကြောင်းနှင့် ပလပ်လိုက်တာလဲမဟုတ်ကြောင်း ဒေါ်စုသက်အေးက ဆက်ပြောသည်။

    ဦးရန်လင်းအောင်ပါ ၅ ဦးမှ မြေလွတ်မြေရိုင်း ၁၇၄ ဧကလျှောက်ထားရာတွင် ဒေါ်အေးရီလုပ်ကိုင်နေသော မြေ လည်းပါဝင်သည်ဟုဆိုကာ အတင်းအဓမ္မ ဝင်ရောက်လုပ်ကိုင်လျှက်ရှိကြောင်း၊ ယခင်ဒေသခံများက မြေလွတ် မြေရိုင်းလျှောက်ရာတွင် မြေစာရင်းဌာမှ လုပ်ကိုင်ခွင့်မပေးပဲ ဦးရန်လင်းအောင်ပါ ၅ ဦးအား လုပ်ကိုင်ခွင့်ချ ပေးခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

    “မြေယာတွေနဲ့ပတ်သတ်ပြီး ကျနော်တို့စုဆောင်းထားတဲ့အချက်အလက်တွေ အများကြီးရှိပါတယ်။ အခုအချိန် ထိ မပြေလည်သေးတဲ့ကိစ္စတွေကို ကျနော်တို့ပိုပြီးအာရုံစိုက်ရမယ်” ဟု တရားစွဲဆိုခံရသည့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာကဏ္ဍမှ ဒုတာဝန်ခံ ဦးမျိုးသန့်က ဆိုသည်။

    တရားစွဲဆိုခံရသူ ၃ ဦးမှာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လယ်ယာစီးပွားနှင့် တောင်သူလယ် သမားရေး ရာကဏ္ဍတာဝန်ခံ ကိုထွန်းမြင့်အောင်၊ ဒုတာဝန်ခံ နှစ်ဦးဖြစ်သည် ကိုမျိုးသန့်၊ ဒေါ်နုနုအောင်တို့ပါဝင် ကြသည်။

    တောင်သူလယ်သမားများများ၏ ပြောကြားချက်၊ တိုင်ချက်များကို အခြေခံပြီး အစိုးရဌာနအသီးသီးမှ ကူညီ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ် သမားရေးရာကဏ္ဍဍမှ ‘တောင်ယာခင်းနှင့် သွေးချင်းမျက် ရည်’ စာအုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ တွင် ထုတ်ဝေခဲ့ပြီး မည်သူမဆို ထပ်မံကူးယူဖြန့်ချီခွင့်ပြုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks