spot_img
Saturday, January 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် ဖမ်းဆီးရမိထားသော တရားမဝင်သစ် တန် (၁၈၀) ကျော်ရှိ

    မွန်ပြည်နယ်တွင် ဖမ်းဆီးရမိထားသော တရားမဝင်သစ် တန် (၁၈၀) ကျော်ရှိ

    -

    ရန်ကုန်မှတင်ဆောင်လာသော တရားမဝင်သစ်မာစာရင်းဝင် ပိတောက်နှင့် တမလန်းသစ် တန် (၁၈၀) ကျော်ကို မွန်ပြည်နယ် မော်လမြိုင်၊ ပေါင်နှင့် မုဒုံမြို့နယ်တို့၌ ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ဖမ်းဆီးရမိထားကြောင်း မတ် (၁) ရက်နေ့ ပြည်နယ်သစ်တောဦးစီးဋ္ဌာနရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲမှသိရသည်။

    တရားမဝင်ပိတောက်သစ်တင် (၁၂) ဘီးယာဉ် (၇) စီးတို့မှလည်းကောင်း၊ ၄င်းကား (၇) စီးမှ ဖမ်းမိထားသူများ၏ ပြောပြချက်အပေါ် ကမာဝက်မြို့မှ (၂) မိုင်ခန့်အကွာတွင် တရားမဝင် ပိတောက်နှင့်တမလန်းသစ် တန် (၆၀) ခန့်အားလည်းကောင်း၊ ကမာဝက်မြို့နယ်ခွဲ သိမ်ကုန်းရပ်ကွက်အစွန် တောစပ်အနီးတွင်ပိတောက်နှင် တမလန်းသစ် တန် (၇၀) ကျော်ခန့် တို့ကိုလည်းကောင်း စုစုပေါင်း တန် (၁၈၃) ကျော် ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ဖမ်းဆီးမိသောတရားမဝင်သစ်များ တိုင်းတာနေစဉ်(MNA)

    “ဒီကျွန်တော်တို့ ဖမ်းမိထားတဲ့ ကားဒရိုင်ဘာနဲ့ စပယ်ယာတွေကို အရင်က ဘယ်မှာချဖူးလဲမေးတော့ မုဒုံအလွန်ကမာဝက်အနီးမှာပြောတယ်၊ ကျွန်တော်တို့ရဲတွေနဲ့ခေါ်ပြီး သွားစစ်ကြည့်တော့ ကမာဝက်အနီးတစ်ဝိုက်မှာ ပိတောက်နဲ့တမလန်းသစ်တွေ တန် (၁၃၀) ကျော်ကို ထပ်ဖမ်းမိတယ်” ဟု ပြည်နယ်သစ်တောဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

    ရန်ကုန်မြို့တွင် ပြည်ပသို့ ပို့ဆောင်ရန် သိုဝှက်ထားသော တရားမဝင်သစ် တန် (၁၅၀ဝ) ခန့်ကို သစ်တောဦးစီးဋ္ဌာနမှ ဖမ်းဆီးရမိခဲ့ပြီးနောက် အဆက်မပြတ်
    သတင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရန်ကုန်မြို့တွင် ဝှက်ထားသော တရားမဝင်သစ်များအား ပင်လယ်ထွက်ပေါက်ရှိရာ မွန်ပြည်နယ်သို့ ရွေ့ပြောင်းပို့ဆောင်မည့် သတင်းရရှိမှုအပေါ် စောင့်ကြည့်ရေးသမားများ တိုးချဲ့ကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။ ၄င်းသစ်များကမှာ လုံးပတ် (၂) ပေပတ်လည် အရှည် ပေ (၂၀)ဝန်းကျင်ခန့်ရှိသည့် ပိတောက်ခွဲသားများဖြစ်ပြီး (၁၂) ဘီးယာဉ် (၇) စီးနှင့်တင်ဆောင်လာစဉ် ပေါင်မြို့တွင် တစ်စီး၊ မုတ္တမတွင် (၃) စီး၊ မုဒုံတိုးဂိတ်တွင် (၃) စီးတို့ကို ကားမောင်းသမားနှင့်အတူ ယာဉ်နောက်လိုက် စုစုပေါင်း (၁၀) ဦးတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

    “အခုဖမ်းမိထားတဲ့သူတွေကိုတော့ တရားရုံးကိုအပ်လိုက်ပြီ၊ ပိုင်ရှင်ပေါ်ဖို့အတွက်ကိုလည်း လုပ်ငန်းဆောင်ရွက်ချက်နဲ့အညီစုံစမ်းစစ်ဆေးနေတုန်းပဲ၊ ဖမ်းမိတဲ့ကားနဲ့ လူကိုကျတရားရုံးကို အပ်လိုက်ပြီး တရားရုံးကနေ ယာဉ်ကို နိုင်ငံတော်သိမ်းစေ၊ သစ်ကိုကျ သစ်တောဦးစီးဋ္ဌာနက စီမံခန့်ခွဲစေဆိုပြီး အဲ့လိုချသွားမှာပေါ့” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောသည်။

    သစ်များ တင်ဆောင်လာသော ယာဉ် (၇)စီးမှ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက် (၁၀) ဦးအား သစ်တောဥပမပုဒ်မ (၂၄) (ခ) ဖြစ်အမှုဖွင့်ပြီး လာမည့် မတ်လ (၆) ရက်၌ တရားရုံးတင်မည်ဖြစ်ကြောင်း၊ ၄င်းအမှုအတွက် အပြစ်ဒဏ်အများဆုံးမှာ ငွေဒဏ် (၂၀ဝ၀ဝ) ကျပ် (သို့) ထောင်ဒဏ် (၂) နှစ် ကျနိုင်ကြောင်း သိရသည်။

    မွန်ပြည်နယ်၌ ပိတောက်နှင့် တမလန်းသစ်များအား(၂၀၁၄) တွင် တန် (၂၀) ကျော်သာ ဖမ်းဆီးရမိပြီး ယခုတရားမဝင် သစ်မာတန် (၁၈၀) ကျော် ဖမ်းမိမှုသည် အများဆုံး ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts