spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းအခြေခံလူတန်းစားတို့၏လူနေမှုဘဝ ဦးစားပေးဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ဆို

    အခြေခံလူတန်းစားတို့၏လူနေမှုဘဝ ဦးစားပေးဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ဆို

    -

    မွန်ပြည်နယ်တွင် လစ်လပ်နေသည့် ဝန်ကြီးချုပ်နေရာ၌ အသစ်ပြန်လည်ခန့်အပ်ရန် ကျိုက်ထိုမဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံအား ခန့်အပ်ရန် သဘောတူသည့်အတွက် မတ်လ ၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

    မွန်ပြည်နယ်တွင်ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ဒေသခံပြည်သူတစ်ရပ်လုံး၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အားလုံးနှင့် ဟန်ချက်ညီညီလက်တွဲကာ ငြိမ်းချမ်းရေး၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုမြင့်မားရေးနှင့် အခြေခံလူတန်းစားတို့၏ လူနေမှုဘဝကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု အသစ်တက်ရောက်လာသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(ဝဲ) မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ(ယာ)ထံ ကျမ်းသစ္စာကျိမ်ဆိုပုံ(MNA)

    ဒေါက်တာအေးဇံက “ လူပုဂ္ဂိုလ်အုပ်ချုပ်တဲ့စနစ်မှ ဥပဒေအုပ်ချုပ်တဲ့စနစ်ကိုသွားဖို့ ဖြတ်သန်းနေတဲ့ကာလ ဖြစ်တဲ့အတွက် မွန်ပြည်နယ်သူပြည်နယ်သားအားလုံး အောင်မြင်မှုအသီးအပွင့်ကို ပြည်နယ်သူ ပြည်နယ်သား အားလုံး ခံစားကြရမှာဖြစ်ကြောင်း” မိန့်ခွန်းတွင်ထည့်သွင်းပြောကြားထားသည်။

    မွန်ပြည်နယ်တွင် သဘာဝသယံဇာတပေါကြွယ်ဝတဲ့အတွက် ပြည်သူများအကျိုးခံစားခွင့်ရရှိနိုင်ရန် မိမိတို့အနေနှင့် အပြင်းအထန်ကြိုးစားရမည်ဖြစ်ကြောင်းထပ်လောင်းပြောကြားသွားသည်။

    နိုင်ငံတော်သမ္မတမှ ရွေးချယ်တင်မြှောက်ခဲ့သောမွန်ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်ရန်မရှိကြောင်း၊ မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    “ဒေါက်တာအေးဇံက ကျွန်တော်တို့ပြည်နယ်အတွက် များစွာမျှော်လင့်ထားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်း ၄ နှစ်မှာ ဝန်ကြီးချုပ်နေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ အမြဲယှဉ်တွဲပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တိုက်တွန်းအကြံပြုလိုကြောင်း” ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ဒေါက်တာအေးဇံသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှအနိုင်ရရှိခဲ့ကာ ယခုလက်ရှိတွင် မွန်ပြည်နယ်လွှတ်တော်တွင် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဌနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရအနေဖြင့် ၂၀၁၆ မတ်လ ၃၁ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိမ်ဆိုခဲ့ပြီး တာဝန်ထမ်းဆောင်စဉ် နုတ်ထွက်စာတင်သဖြင့် ဖေဖော်ဝါရီ ၂၀၁၇ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ခွင့်ပြုခဲ့ပြီးနောက် ဒေါက်တာအေးဇံအား မွန်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks