spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမိမိဆန္ဒအလျှောက် ရာထူးမှရပ်နားရန် မွန်ဝန်ကြီးချုပ်က သမ္မတထံသို့နှုတ်ထွက်စာပေးပို့

    မိမိဆန္ဒအလျှောက် ရာထူးမှရပ်နားရန် မွန်ဝန်ကြီးချုပ်က သမ္မတထံသို့နှုတ်ထွက်စာပေးပို့

    -

    လက်ရှိမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ရာထူးမှ ရပ်နားရန် ယနေ့ ဖေဖော်ဝါရီ (၂၀) ရက်၌ နိုင်ငံတော်သမ္မတထံသို့ နှုတ်ထွက်စာပေးပို့ပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

    ယနေ့ ဖေဖော်ဝါရီ (၂၀) ရက် ညနေ့ ၄ နာရီအချိန်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးမှ မီဒီယာများနှင့် တွေ့ဆုံရန် ချိန်းဆိုထားခဲ့သော်လည်း ဝန်ကြီးချုပ်ခရီးလွန်သွားသောကြောင့် သူ့ကိုယ်စား မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းမှ မီဒီယာများသို့ အတည်ပြုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး(MNA)

    “ဒီနေ့ နေ့လည်(၂) နာရီလောက်ကပဲ နိုင်ငံတော်သမ္မတဆီကို နှုတ်ထွက်စာတင်လိုက်တယ်၊ ဘာကြောင့်နှုတ်ထွက်ရသလဲဆိုတာကို တစ်နေ့တစ်ချိန်ကျ ပြောပြပေးမယ် အခုလောလောဆယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရရော တိုင်းဒေသကြီးအစိုးရဥပဒေအရရော နိုင်ငံတော်သမ္မတဆီကို မိမိသဘောဆန္ဒအလျှောက်နဲ့ နှုတ်ထွက်ခွင့် တင်ပြတဲ့အဆင့်တော့ရှိပါတယ်၊ သမ္မတရုံးက ဘယ်လိုဆက်လက်ဆောင်ရွက်မှုပေါ်မှာပဲ မူတည်တယ်” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

    နိုင်ငံတော်သမ္မတဆီမှ အတည်ပြုချက်မရမချင်း ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ ပုံမှန်အတိုင်းသာ တာဝန်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ဆက်လက်ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၈) ရက်တွင် ဦးမင်းမင်းဦး၏ Facebook စာမျက်နှာပေါ်တွင်လည်းကောင်း မီဒီယာများသို့လည်းကောင်း ရာထူးမှ နှုတ်ထွက်တော့မည့်အကြောင်းကို သူကိုယ်တိုင်ရေးသား ဖော်ပြလာသည့်အပေါ် ဘီးလင်းမြို့နယ်မှ ပြည်သူ (၁၀ဝ) ခန့် ယနေ့မနက် (၁၀) နာရီအချိန်က ပြည်နယ်အစိုးရရုံး၌ ဝန်ကြီးချုပ်နှင့်လာရောက်တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်အား ရာထူးမှ မနှုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

    “ကျွန်မတို့အတွက် ဝန်ကြီးချုပ်က အခုမှ လမ်းတွေ တံတားတွေ စလုပ်ပေးခါစ၊ အဆင်ပြေမယ့်အချိန်လေးမှ ဝန်ကြီးချုပ်က ထွက်သွားမယ်ဆိုရင် နောက်ရောက်လာမယ့်ဝန်ကြီးက ကိုယ်တွေကို လှည့်မကြည့်ခဲ့ဘူးရင် ကိုယ်တွေက အရင်တုန်းကလိုပဲ ဒုက္ခတွေးကနေ မတတ်နိုင်တော့ဘူးပေါ့ အဲ့ဒီအတွက် ဝန်ကြီးချုပ်ကိုလာပြီး တာဝန်ဆက်လက်ထမ်းဆောင်ပေးဖို့ မေတ္တာရပ်ခံတာပါ” ဟု ဘီလင်းမြို့နယ် ကင်းရွာမှ ဒေါ်ထားနွဲ့က ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး နှုတ်ထွက်စာမတင်မီ ဖေဖော်ဝါရီ (၂၀) ရက်မနက်မှာပင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံအား မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က မီဒီယာအချို့အား ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

    ဒေါက်တာအေးဇံသည် NLD ပါတီ၌ ဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်ဖူးခဲ့သည့်အပြင် လက်ရှိတွင်လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ကြည့်ရေးကော်မတီတွင်လည်း ဥက္ကဋ္ဌတာဝန်အဖြစ် ဆက်လက်ဆောင်ရွက်နေသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် ဘီလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရရှိခဲ့ပြီး လွှတ်တော်၌လည်း ဒုဥက္ကဋ္ဌတာဝန်ရရှိခဲ့ကြောင်း၊ ၄င်းမှတစ်ဆင့် ဝန်ကြီးချုပ်ရာ ထူးသို့ တိုးမြှင့်ရရှိခဲ့ပြီး ဆောက်လုပ်ရေးနှင့်စည်ပင်သာယာရေးဋ္ဌာနဝန်ကြီးကိုလည်း ပူးတွဲတာဝန်ယူခဲ့သူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks