spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မတ်လ ၁ ရက်နေ့တွင်တွေ့ဆုံမည်

    ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မတ်လ ၁ ရက်နေ့တွင်တွေ့ဆုံမည်

    -

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အစိုးရ၏တရားဝင်ဖိတ်ကြားချက်ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC လက်ခံပြီး လာမည့်မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု သိရသည်။

    “ဒေါ်အောင်ဆန်းစုကြည်နဲ့ မတ်လ ၁ ရက်မှာတွေ့မှာက နေပြည်တော်လား ရန်ကုန်လား နေရာမတိကျသေးဘူး၊ ဒီလ ၂၃ ရက်နေ့ JBC အစည်းကို ကျနော်တို့ကိုယ်စားလှယ်တက်ရောက်ပါမယ်” ဟု UNFC ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဝင် ဒေါက်တာနိုင်ရွှေသိန်းက ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များအမှတ်တရဓါတ်ပုံ(ENAC)

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JBC အစည်းအဝေးကို ၂၃ ရက်နေ့တွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ဆက်လက်တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့အတူ UNFC အဆိုပြုချက်များအား ဆက်လက်ဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့ ၄ ကြိမ်မြောက် တရားဝင်တွေ့ဆုံပွဲကိုလည်း နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ UNFC သို့ပေးပို့သော အစိုးရကမ်းလှမ်းချက်၌ ဖော်ပြထားသည်။

    DPN အနေဖြင့် NCA လက်မှတ်ထိုးရေးတောင်းဆို တင်ပြထားသည့်အချက် ၉ ချက်ကို ထပ်မံဆွေးနွေး သွားမည်ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက ဆိုသည်။

    နိုင်ဟံသာက “တစ်ဖွဲ့ကိုမှ ချန်မထားပဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ဖို့၊ အရင် သဘောတူညီခဲ့သလိုမျိုး နိ်ုင်ငံရေးဆွေးနွေးတဲ့အခါ သုံးပွင့်ဆိုင်ပုံစံဖြစ်ဖို့ နောက် NCA ခိုင်မာဖို့ဆိုရင် နိုင်ငံတကာအင်အားစုတွေ သက်သေအဖြစ်ပါဝင်ဖို့လိုတယ်၊ သဘောတူညီချက်တွေရရင် NCA ကိုထိုးမှာပါ၊” ဟု ပြောသည်။

    လာမည့်မတ်လလယ်တွင် ကျင်းပရန်လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ညီလာခံ(ဒုတိယအစည်းအဝေး) သို့ NCA လက်မှတ်ထိုးပြီးအဖွဲ့များသာ တက်ရောက်ခွင့်ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC မှ သိရသည်။

    UPDJC အဖွဲ့ဝင် မွန်အမျိုးသားပါတီကိုယ်စားလှယ် မင်းဇေယျာဦးက “ ၂၁ ရာစုပင်လုံ ဒုတိယညီလာခံက မတ်လ ၁၅ ရက်မတိုင်ခင် ရှေ့တိုးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ ရက်ညှိနေတုန်းပဲ၊ နက်ဖန်လောက် ရက်သတ်မှတ်နိုင်လိမ့်ထင်တယ်” ဟု ပြောသည်။

    မူလကသတ်မှတ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU ၁၆ ကြိမ်မြောက်ကွန်ဂရက်ကျင်းပမည့်ရက်နှင့် ၂၁ ညီလာခံကို မတ်လ ၁၅ ရက်နေ့တွင်ကျင်းပရန်လျာထားသည်မှာ ရက်တိုက်ဆိုင်နေသည်ဟု သိရသည်။

    အလားတူ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချူပ်ရှိရာ ပန်ဆန်းမြို့မှာ အပစ်ရပ်စာချူပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ၃ ရက်ကြာစတင်ကျင်းပမယ်လို့ UWSP အဖွဲ့က ပြန်ကြားရေးဌာနက သတင်းမီဒီယာများသို့ ပြောဆိုထားသည်။

    လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁၃ ဖွဲ့က ကျန်ရှိနေသေးသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts