Sunday, April 12, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျိုက်ထီးရိုးရင်ပြင်တော်ပေါ်အလှူခံရဟန်းသံဃာတော်များကို ဖမ်းဆီး အရေးယူမှု ပြုလုပ်

    ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်အလှူခံရဟန်းသံဃာတော်များကို ဖမ်းဆီး အရေးယူမှု ပြုလုပ်

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်တွင် အလှူခံနေသည့် ရဟန်းသံဃာတော်များကို ဖမ်းဆီး အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

    လက်ရှိဂေါပကလက်ထက်တွင် ဘုရားရင်ပြင်တော်ပေါ်၍ ရဟန်း၊ သံဃာများ အလှူခံမှုမပြုလုပ်ရန် စာထုတ်ပြန်ထားရာ အလှူခံရဟန်းများ တွေ့ရှိသည့်အတွက် ဂေါပကအဖွဲ့၊ ကျိုက်ထိုမြို့နယ် သံဃာ့နာယကအဖွဲ့၊ ကျိုက်ထိုမြို့နယ် သာသနာရေး ဦးစီးမှူး၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖမ်းဆီးပြုလုပ်ခဲ့ရာ သံဃာတော် ၅၁ ပါးနှင့် မယ်သီလရှင် ၂ ပါးတို့ကို ဖမ်းဆီးရမိသည်ဟု ဂေါပကအဖွဲ့က ပြောသည်။

    ကျိုက်ထီးရိုးရင်ပြင်ပေါ် သံဃာတော်အချို့တွေ့ရစဉ် (Facebook)

    “ဖမ်းဆီးမိတဲ့ သံဃာတွေကို အရေးယူဖို့ ကျိုက်ထိုမြို့ သံဃာ့နာယက အဖွဲ့ထံသို့ ပင့်ဆောင်သွားတယ်၊ ကျိုက်ထိုရောက်မှ စစ်ဆေးမှုလုပ်ပြီး အရေးယူမယ်ပြောတယ်၊ ဘုရားဖူးသူတွေကို နေ့တိုင်း နေ့တိုင်း တောင်းနေတာတွေ့တော့ သံဃာဝိနည်းနဲ့ မညီလို့ ဒီလို လုပ်လိုက်တာပါ၊ နိုင်ငံခြား ဘုရားဖူးတွေ ဒီလို အလှူခံနေတာ တွေ့တော့ မြင်မကောင်းလို့ နောင်လည်း ” ဟု ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

    ယခုဖမ်းဆီးထားသည့် ရဟန်းသံဃာများသည့် အဖွဲ့လိုက် စီးပွားရေးလုပ်ငန်းတစ်ခုဖြင့် အလှူခံခြင်းဖြစ်ပြီး ၄င်းတို့ကို စစ်ဆေးမှု ပြုလုပ်ရာတွင် အလှူခံရရှိထားသည့် ငွေကျပ် ၁၀ သိန်းကျော်ကို စစ်ဆေးတွေ့ရှိကြောင်း ဦးအေးမြင့်သိန်းက ဆက်ပြောသည်။

    “ကျိုက်ထိုမြို့နယ် သံဃာ့နာယကအဖွဲ့က စစ်ဆေးမှုတွေ လုပ်တယ်၊ လူဝတ်လဲပြီး နေရပ်ဒေသကို ပြန်လွှတ်လိုက်မှာပါ” ဟု ကျိုက်ထိုမြို့နယ် သာသနာရေး ဦးစီးမှူး ဦးဝေနိုင်က ပြောသည်။

    ဂေါပကအဖွဲ့အသစ်လက်ထက်တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်မရှိဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အရေးယူမှုများလည်း ပြုလုပ်လျက်ရှိသည်။

    ၄င်းပြင် ဈေးဆိုင်များ၊ နတ်နန်းအလှူခံဌာနများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားကာ စည်းကမ်းဖောက်ဖျက်သည့် ဆိုင်များကို ပထမအကြိမ် ခေါ်ယူအသိပေးခြင်း၊ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဆိုင်ယာယီပိတ်သိမ်းသည့် စနစ်ဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks