spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြုမှုအလိုမရှိကြောင်း ပျားတောင်ဒေသခံများ ‘ဆန္ဒဖော်ထုတ်’ မည်

    MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြုမှုအလိုမရှိကြောင်း ပျားတောင်ဒေသခံများ ‘ဆန္ဒဖော်ထုတ်’ မည်

    -

    ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေသည့် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြုမှုအလိုမရှိကြောင်း လာမည့်ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာရှိ လယ်ကွင်းတွင် စက်ရုံအနီးပတ်ဝန်ကျင်ရှိ ပျားတောင်ဒေသခံ ၇,ဝ၀ဝ ခန့်က ဆန္ဒဖော်သွားမည်ဖြစ်ကြောင်း ဦးဆောင် သူများထံမှသိရသည်။

    အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံလည်ပတ်ရန်အတွက် လိုအပ် သည့်လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှထုတ်လုပ်နေခြင်းကို ရပ်တန့်စေလိုသောကြောင့် ဆန္ဒဖော်ထုတ်ရ သည်ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ နိုင်ရွှေဝင်းကပြောသည်။

    MCL ဘိလပ်မြေစက်ရုံ

    နိုင်ရွှေဝင်းက “ကျောက်မီးသွေးက လူ့ကျန်းမာရေးနဲ့ သဘာဝအရင်းမြစ်တွေကို ပျက်စီးစေတာပါ။ ဒါ့ကြောင့် ကျနော်တို့က ကျောက်မီးသွေးက ထုတ်လုပ်တဲ့လျှပ်စစ်စွမ်းအင်ကို အလိုမရှိတာပါ” ဟု ဆိုသည်။

    ဆန္ဒပြပွဲတွင် (၁) ပျားတောင်ဒေသအတွင်း ကျောက်မီးသွေးအသုံးပြုမှုကို ရုပ်သိမ်းရန်၊ (၂) သဘာဝပတ် ဝန်းကျင် ပျက်စီးစေနိုင်သော လုပ်ငန်းများရုပ်သိမ်းရန်၊ (၃) ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်နှင့် ကျန်းမာ ရေးကာကွယ်စောင့်ရှောက်ရန်၊ (၄) အများပြည်သူသုံး ရေအရင်းအမြစ် မပျက်စီးရန် တောင်းဆိုသွာမည်ဟု ဦးဆောင်ဆန္ဒပြသူတွေက ဆိုသည်။

    “စက်ရုံအတွင်း လျှပ်စစ်သုံးစွဲဖို့အတွက် ၄၀ မဂ္ဂါဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်း များမှထုတ်ယူ မှာဖြစ်ပြီး စက်ရုံမှစွန့်ပစ်တဲ့ လေပူ Waste Heat Generator (WHG) ကတဆင့် ၉ မဂ္ဂါဝပ်ကို ထုတ်ယူ သွားမယ်” ဟု MCL တာဝန်ရှိသူတဦးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို ပြောကြား ခဲ့သည်။

    လက်ရှိအချိန် MCL စက်ရုံသည် စမ်းသပ်လည်ပတ်ဆဲကာဖြစ်သောကြောင့် လျှပ်စစ်စွမ်းအင်ကို ၃၀ နှင့် ၃၅ မဂ္ဂါဝပ်ကြား ထုတ်လွှတ်နေသည်ဟုလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံသည် ကျောက်မီးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍ တနေ့ တန်ချိန် ၅၀ဝ၀ ထုတ်လုပ်သွားမည်ဖြစ်ပြီ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်စမ်းသပ်လည်ပတ်နေရာ ဇန်နဝါရီ ၂၀ ရက်နေ့ထိ ဘိလပ်မြေတန်ချိန်ပေါင်း ၃၀ဝ,ဝ၀ဝ ထုတ်ထားပြီးဖြစ်သည်ဟု ကုမ္မဏီတာဝန်ရှိသူမှ သိရသည်။

    ကျောက်မီးသွေးအသုံးပြုမှု အလိုမရှိ ဆန္ဒဖော်ထုတ်ပွဲကို နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီပြုလုပ်မှာဖြစ်ပြီး အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် (က) ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ -အလိုမရှိ၊ (ခ) ဒို့ဒေသရဲ့သဘာဝအလှ မဖျက်စီးရေး-ဒို့အရေး၊ (ဂ) ဒိုင်းနမိုက်မိုင်း အသုံးမပြုရေး-ဒို့အရေး၊ (ဃ) ရှေးဟောင်းမွေနှစ်မျာ မဖျက်စီးရေး-ဒို့အရေး၊ (င) ရေအရင်းမြစ်ကာကွယ်ရေး-ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်သွားမည်ဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြသူများမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks