spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်သဖြင့် ဘုရားသုံးဆူမြို့ပေါ် ရွှေဆိုင်များပိတ်

    တိုက်ပွဲဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်သဖြင့် ဘုရားသုံးဆူမြို့ပေါ် ရွှေဆိုင်များပိတ်

    -

    တပ်မတော်နှင့် မွန်ပြည်သစ်တပ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မည်ကို ဒေသခံများစိုးရိမ်သဖြင့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ ရွှေဆိုင်အားလုံးနီးပါး ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့ခံ ရွှေဆိုင်ပိုင်ရှင် ဦးဝင်းက “မနေ့က အစိုးရတပ်နဲ့ မွန်ပြည်သစ်တပ်ဖွဲ့တွေ အခြေအနေတော်တော်တင်းမာနေကြတယ်၊ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်၊ ဒါကြောင့် ရွှေဆိုင်တွေ ပိတ်လိုက်တယ်” ဟု ပြောသည်။

    ဂျပန်ရေတွင်း မွန်အမျိုးသားနေ့အခမ်းအနား NMSP စစ်ရေးပြအခမ်းအနား(BNA)

    ယခုလက်ရှိတွင် ဘုရားသုံးဆူမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူလူထုများက အထိတ်တလန့်ဖြစ်နေကြပြီး နှစ်ဖက်တပ်က ထိတွေ့ပစ်ခတ်မှုများဖြစ်လာပါက ပြေးရှောင်ရန် အဆင်သင့်အနေအထားလုပ်ထားကြသည်ဟုလည်း ဒေသခံများမှသိရသည်။ အထူးသဖြင့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းအနီးရှိ ကြံတောရွာနှင့် တပ်ရင်း ၃ ကျေးရွာဒေသခံများ အချိန်မီထွက်ပြေးနိုင်ရန်အတွက် အထုတ်အပိုးပြင်ထားသည်ဟု လည်း ဒေသခံများက ပြောသည်။

    ဂျပန်ရေတွင်းနှင့် ကြံတောလမ်းခွဲရှိ မွန်ဂိတ်စခန်း(ဟင်္သာအလံတိုင်စခန်း) အား တပ်မတော်ကနေရာဝင်ယူမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီတာဝန်ခံအား ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ဒေသအခြေစိုက်တပ်မတော်က ခေါ်ယူအသိပေးထားသည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီ သံဖြူဇရပ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်စိုက်ချမ်းက “ကျနော်တို့ဆက်ဆံရေးရုံးကိုအသိပေးပြာလာတာမရှိဘူး၊ ဂိတ်စခန်း ၂ ခုကို အစိုးရတပ်တွေ ဝင်လာပြီနေရာယူလိုက်ပြီး ၊ ဗဟို(NMSP) ကျနော်တို့တပ်တွေ ဆုတ်ခွာဖို့အမိန့်ပေးလာတော့ ကျနော်တို့ကြိုတင်ဆုတ်ခွာလိုက်တယ်၊ ထိတွေ့ပစ်ခတ်မှုမရှိသေးဘူး” ဟု ပြောသည်။

    အလားတူ ဖေဖော်ဝါရီ ၁၅ ရက်နေ့လည်ပိုင်းအချိန်တွင် ရေးမြို့၊ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးသို့ တပ်မတော်စစ်ကားတစ်စီးဝင်ရောက်ပြီး လက်နက်များဝင်ရောက်ရှာဖွေခဲ့သည်ဟု သူဆက်ပြောသည်။

    သူက “၂၀၁၀ အပစ်အခတ်ရပ်စဲပျက်ပြယ်တဲ့ကာလတွေမှာ ဆက်ဆံရေးရုံးထဲဝင်ရောက်ရှာဖွေတာ မရှိခဲ့ဘူး၊ အခုဟာက တော်တော်တင်းမာပုံရတယ်” ဆိုသည်။

    ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် မွန်ပြည်သစ်ပါတီချုပ်ဆိုသော ပြည်နယ်/ပြည်တောင်စုအဆင့် သဘောတူညီစာချုပ်အရ
    ဂျပန်ရေတွင်း(ခန့်မှန်းမြေပုံအညွှန်း MS-375882) နှင့် ဇီးနှစ်ပင်စခန်း(ခန့်မှန်းမြေပုံအညွှန်း S-825197) တို့သည် မွန်ပြည်သစ်ပါတီ တပ်တည်စခန်းအဖြစ် သတ်မှတ်ခဲ့သည်။

    ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကော်မတီ-နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ပစ်ခိုက်တိုက်ခိုက်မှု ၂၂ နှစ်ကြာပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ ယနေ့အချိန်တွင် အတင်းမာဆုံးအနေအထားရောက်ရှိနေကြောင်း အထက်ပါမွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks