spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျောက်မိုင်းလိုင်စင်သက်တမ်းတိုးခြင်းအပေါ် မွန်ပြည်နယ်အစိုးရအား ဒေသခံများဆန္ဒပြမည်

    ကျောက်မိုင်းလိုင်စင်သက်တမ်းတိုးခြင်းအပေါ် မွန်ပြည်နယ်အစိုးရအား ဒေသခံများဆန္ဒပြမည်

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် Long Life Aggregate Mining Co.Ltd ကို ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းလိုင်စင်သက်တမ်း နောက်ထပ်တစ်နှစ် တိုးပေးခဲ့ခြင်းအပေါ် မကျေနပ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့အား ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားသည်။

    အဆိုပါ ကျောက်ထုတ်လုပ်ငန်းအား ဖျက်သိမ်းပေးရန်အတွက် ဒေသခံများမှ အစိုးရထံသို့ အကြိမ် ၇၀ ကျော် စာတင်ထားပြီးဖြစ်သည့်အပြင် ဥတ္တံတားကျေးရွာမှ ကျောက်မိုင်းကုမ္ပဏီအထိ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ သော်လည်း ပြည်နယ်အစိုးရမှ ကုမ္ပဏီအား သက်တမ်းတိုးလိုင်စင်ထပ်မံချပေးခဲ့ခြင်းအပေါ် ဆန္ဒပြမည့်အစီအစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    ဥတ္တံတားရွာမှ ကျောက်မိုင်းကုမ္ပဏီထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်(MNA)

    “ကျနော်တို့က အကြိမ်ကြိမ်စာတင်တယ်။ အချက်အလက်အပြည့်အစုံနဲ့ ပေးပို့တယ်။ ဒါပေမဲ့ ပြည်နယ် အစိုးရက သက်တမ်းတိုးပေးခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ဒီ ၁၅ ရက်အတွင်း မွန်ပြည်နယ်အစိုးရကို ဆန္ဒပြမယ်” ဟု ဥတ္တံတားကျေးရွာဒေသခံ ကိုဇော်ထွေး ကပြောသည်။

    Long Life Aggregate Mining Co.Ltd ကုမ္ပဏီကျောက်မိုင်းကြောင့် ဒေသခံရွာသားများ၏ ဥယျာဉ်ခြံမြေ များနှင့် လယ်မြေများပျက်စီးခြင်း၊ ရေမြောင်းများပိတ်ဆို့သွားခြင်း၊ စမ်းချောင်းပျက်စီးခြင်း၊ လမ်းပျက်စီးခြင်း အပြင် သယံဇာတများ ပျက်စီးဆုံးရှုံး ခဲ့ခြင်းများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

    ဥတ္တံတားကျေးရွာရှိ လယ်ယာမြေဧက ၂၀ဝ ခန့်ပျက်စီးမှုများဖြစ်ပေါ်နေပြီး ကျောက်ထုတ်လုပ်ခွင့် ထပ်မံခွင့်ပြုပါက လယ်ယာမြေများအပါအဝင် ရေအရင်းမြစ်များ ပိုမိုပျက်စီးမှုများလာနိုင်သောကြောင့် ကျောက်ထုတ်လုပ်ခွင့် အပြီးသတ်ရပ်ဆိုင်းစေလိုကြောင်း ကိုဇော်ထွေးက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဥတ္တံတားဒေသခံများအား ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုစီးဌာနရုံးတွင် ခေါ် ယူတွေဆုံခဲ့ပြီး သက်တမ်းလိုင်စင်တိုးခဲ့ခြင်းအကြောင်းကို ပြောဆိုမှသာ သိခဲ့ရသည်ဟု ဒေသခံများကပြောသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “နိုင်ဝင်ဘာ ၂၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ်အစိုးအရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၆) ဆုံးဖြတ်ချက်အပိုဒ် (၁၁) အရ လမ်းခင်းကျောက်ထုတ်လုပ်ခွင့် ၁ နှစ်လိုင်စင်သက်တမ်း တိုးခွင့်ပြုခဲ့တာပါ” ဟု ဆိုသည်။

    ကုမ္ပဏီအား EIA,SIA ပါအကြံပြုချက်များနှင့်အညီ် လိုက်နာဆောင်ရွက်ရန်နှင့် ယမ်းဝယ်ယူသယ်ဆောင် သိုလှောင်အသုံးပြုမှုနှင့် ပတ်သက်ပြီ ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရန်ဖြစ်ပြီး လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိပါက လိုင်စင်အားပြန်လည်ရုပ်သိမ်းနိုင်သည်ဟု ဒေါက်တာမင်း ကြည်ဝင်းက ဆက်ပြောသည်။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတာကျေးရွာရှိ Long Life Aggregate Mining Co.Ltd ကို ဖျက်သိမ်းပေး ရန်အတွက် ဒေသခံ ၅၀ဝ ခန့်က ၂၀၁၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဥတ္တံတားရွာမှ ကျောက်မိုင်းကုမ္ပဏီထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks