spot_img
Tuesday, March 3, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အစိုးရက “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ကိုပြန်လည်ဖျက်သိမ်း

    မွန်ပြည်နယ်အစိုးရက “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ကိုပြန်လည်ဖျက်သိမ်း

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ချောင်းဆုံ(ဘီလူးကျွန်း) သို့ ဆက်သွယ်သည့်သံလွင်မြစ်ကူးတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးအပ်ခဲ့သည်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က “သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်တင်ဖို့အတွက်ကို အခုလောလောဆယ်တော့ ရပ်ထား တယ်၊ ဒေသခံတွေရဲ့အသံကို ကျနော်တို့ အသိအမှတ်ပြုသွားမယ်” ဟု ပြောသည်။

    သံလွင်တံတား(ချောင်းဆုံ) တွေ့ရစဉ်(MNA)

    အဆိုပါတံတား အမည်ပေးသတ်မှတ်ခြင်းကို ဒေသခံများ၏သဘောထားဆန္ဒ ခံယူသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဆိုသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးက “အခုရှိနေတဲ့ သံလွင်တံတား (ချောင်းဆုံ) အမည်နဲ့ဆို ဘယ်သူမှငြင်းစရာအကြောင်းမရှိဘူး၊ ကျနော့အနေနဲ့ လက်ခံတယ်” ဟု ပြောသည်။

    “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးခဲ့သည့်ကိစ္စတွင် မွန်ပြည်သူများ၏ဆန္ဒနှင့်အညီဖြစ်စေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်များကို ထိခိုက်မှုမရှိစေရန်နှင့် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ရန်ဆိုသည့် အချက်များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ကန့်ကွက်ကြောင်းစာတစ်စောင်ကိုလည်း ဖေဖော်ဝါရီ ၉ ရက်နေ့စွဲဖြင့် မွန်ပြည်နယ် ဝန်ကြီးချုပ်သို့ မွန်အမျိုးသားပါတီ MNP စာပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။

    ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဘီလူးကျွန်းရှိ မွန်သံဃာတော်အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူငယ်အဖွဲ့တို့က “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဖြစ် နာမည်ပေးအပ်သည့်အပေါ် နိုင်ငံတော်သမ္မတရုံးသို့ ဒေသခံများ၏ သဘောထားဆန္ဒစာပေးပို့သွားရန် ပြင်ဆင်ခဲ့သည်ဟု သိရသည်။

    မော်လမြိုင်မှ ချောင်းဆုံ (သံလွင်) မြစ်ကူးတံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်းကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေရှိပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်ပန္နက်ချ တည်ဆောက်ခဲ့ရာ လာမည့်ဧပြီလတွင် တံတားစတင်ဖွင့်လှစ်ရန်ရည်ရွယ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks