spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ အမည်ပေးအပ်သည့်အပေါ် ဒေသခံများ လက်မခံ

    မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ အမည်ပေးအပ်သည့်အပေါ် ဒေသခံများ လက်မခံ

    -

    မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို မွန်ပြည်နယ်နှင့် ဆက်စပ်မှုမရှိသည့် ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟု ပြည်ထောင်စုအစိုးရ အမည်နာမပေးအပ်သည့်အပေါ် ဒေသခံများ လက်မခံသည့်အသံများ ထွက်ပေါ်လျက်ရှိသည်။

    ချောင်းဆုံဒေသခံ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ဒီတံတားနဲ့ ဒီနာမည်နဲ့ ဘာတခုမှ ဆက်စပ်မှုမရှိဘူး။ ဒါကြောင့် ဒီနာမည်ကို ကျနော်တို့အနေနဲ့ ဘယ် လိုမှ လက်မခံနိုင်ဘူး” ဟု ဆိုသည်။

    မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား(MNA)

    အားလုံးညီညီညွတ်ညွတ်ဖြင့် တသံထဲထွက်ပေါ်စေရန်အတွက် အားထုတ်သင့်ကြောင်း၊ လွှတ်တော် ဘက်တွင် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စအား ပြည်ထောင်စုအစိုးရမှ ပြန် လည်သုံးသပ် ပေးနိုင်အတွက် စာရေးသင့်ကြောင်းနှင့် ဆန္ဒပြသင့်လျင် ပြရမည်ဖြစ်ကြောင်း ဒေါက် တာအောင်နိုင်ဦးက ဆက်ပြောသည်။

    ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ ဦးမောင်လေးက “ကျနော်တို့အမြင်က ဒါက မသင့်တော်ဘူးလေ။ သံလွင်တံတား (မော်လမြိုင်)၊ သံလွင်တံတား (ဘားအံ) အဲဒီလိုရှိတယ်လေ။ ဒီတံတားကြတော့ သံလွင်တံတား (ချောင်းဆုံ) အဲ့သလိုဖြစ်သင့်တာပေါ့” ဟု ဆိုသည်။

    ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးပါက လက်မခံနိုင်စရာမရှိကြောင်း၊ မွန်ပြည် နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးသည်မှာ လျော်ကန်မှုမရှိကြောင်း ဦးမောင်လေး က ထောက်ပြပြောဆိုသည်။

    မော်လမြိုင်-ချောင်းဆုံး သံလွင်မြစ်ကူးတံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ် ကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေရှိပြီ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    “ဖြစ်စေချင်တာက အစိုးရမေတ္တာရပ်ခံချက်စာနဲ့ မွန်ပြည်သူ မွန်ဒေသဆီက ပေးချင်ဆုံး အမည်တော့ ဖြစ်သင့်တာပေါ့။ အခုခေတ်မှာ အွန်လိုင်းနည်းပညာ အသုံးပြုပြီး သဘောထား ရယူမူပြုလုပ်ရာမှာ အင်မတန်လွယ်ပါတယ်။ အရာရာတိုင်း ဗဟိုအစိုးရကပဲ လိုက်လုပ်ပေးနေတာ မသင့်တော်ဘူး” ဟု မွန်ပြည်နယ်သား နိုင်စဝေါမွန်က ပြောသည်။

    အဆိုပါ သံလွင်တံတား (ချောင်းဆုံ) မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ အဖြစ် ဆိုင်းဘုတ်တင်အခမ်းအနားကိုလာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ နနံက် (၈း၁၀) မိနစ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့အတူ မုဒုံမြို့၊ ကန်သာယာပန်ခြံတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် ထားရှိခဲ့သည့် ဗိုလ် ချုပ်အောင်ဆန်းကြေးရုပ်ထုသည် ဒေသခံမွန်အမျိုးသားတို့၏ဆန္ဒနှင့် ကိုက်ညီမှုမရှိသည့်အတွက် မွန်လူငယ်များကန့်ကွက်လျက်ရှိသည်။

    အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည့်ကိစ္စကိုလည်း ကချင်နိုင်ငံရေးပါတီ ၄ ခုမှ ဖေဖော်ဝါရီ ၆ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီး ချုပ်ဆီ စာရေးပေးပို့ပြီ ကန့်ကွက်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks