Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် ဇန်နဝါရီလအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၂၅ စီး ဖမ်းဆီးရမိထား

မွန်ပြည်နယ်တွင် ဇန်နဝါရီလအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၂၅ စီး ဖမ်းဆီးရမိထား

-

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်းတွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၂၅ စီး ဖမ်းဆီးအရေးယူထားသည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်ပြည်နယ်) ထံမှ သိရသည်။

“ဇန်နဝါရီလ တစ်လအတွင်းမှာ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၅ စီး ဖမ်းဆီးရမိထားပါတယ်၊ ပိုင်ရှင်မဲ့က ၆ စီးရှိတယ်၊ သထုံခရိုင်ဘက်က ဖမ်းဆီးရမှု အများဆုံးပါပဲ” ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး(မွန်) မှ ဒုရဲမှူး ဌေးဆွေက ပြောသည်။

လိုင်စင်မဲ့မော်တော်ယာဉ်(တရနာပုံသတင်းစာ)

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များသည် ကျိုက်ထိုမြို့နယ်တွင် ၃ စီး၊ ဘီးလင်းမြို့နယ်တွင် ၅ စီး၊ သထုံမြို့နယ်တွင် ၈ စီး၊ ပေါင်မြို့နယ်တွင် ၆ စီး၊ မော်လမြိုင်မြို့နယ်တွင် ၁ စီး၊ ကျိုက်မရော မြို့နယ်တွင် ၁ စီး၊ မုဒုံမြို့နယ်တွင် ၁ စီးတို့ဖြစ်သည်။

ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ပိုင်ရှင်များကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူသွားမည်ဖြစ်သည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်ပြည်နယ်) မှ သိရသည်။

အရေးယူခံသူများအတွက် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် တစ်လနှင့် ငွေဒဏ် ၂ သိန်း ကျခံရမည်ဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၃၉၇ စီး ဖမ်းဆီးရမိထားပြီး ၄င်းထဲတွင် ပိုင်ရှင်မဲ့ မော်တော်ယာဉ် ၁၃၉ စီးရှိသည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) ရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလခန့်က စတင်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအနက်မှ တရားရုံးမှ စိစစ်ပြီးဖြစ်သည့် လိုင်စင်မဲ့ မော်တော်ယာဉ်အစီး ၅၀ဝ ကျော်ကို ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလနှင့် ဒီဇင်ဘာလတွင် နှစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လေလံတင်ရောင်းမှုရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်မှာတော့ လိုင်စင်မဲ့မော်တော်ယာဉ်များ လေလံတင်ရောင်းချခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts