spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်လွှတ်တော်သို့တိုင်ကြားစာ ၄၈၆ စောင်အနက် ၁၇၀ စောင် ဖြေရှင်းပြီး

    မွန်လွှတ်တော်သို့တိုင်ကြားစာ ၄၈၆ စောင်အနက် ၁၇၀ စောင် ဖြေရှင်းပြီး

    -

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ကော်မတီသို့ ပြည်သူများမှ တိုင်ကြားလာသည့် တိုင်ကြားစာ ၄၈၆ စောင်ရှိသည့်အနက် ၁၇၀ ကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူထံမှ သိရသည်။

    အဆိုပါတိုင်ကြားစာများတွင် မြေယာပြဿနာများ အများဆုံးပါဝင်ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အထိ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ဖြေရှင်းခဲ့သော်လည်း ကော်မတီသို့ ပြန်လည်တင်ပြခဲ့သည့် တိုင်စာပေါင်း (၅၈) စောင်ပါဝင်ကြောင်း ဆိုသည်။

    မွန်ပြည်နယ်လွှတ်တော်(မွန်လွှတ်တော်)

    “တကယ်မြေပြင်မှာ မဖြစ်မနေ ဖြေရှင်းပေးရမယ့် ကိစ္စမျိုးဆို သက်ဆိုင်ရာဋ္ဌာနတို့နဲ့ပူးပေါင်းပြီး ကွင်းဆင်းစီစစ်တာရှိပါတယ်၊ အစိုးရကနေ ပြန်စာက (၁၀) လပိုင်းအထိပဲ ရှိတယ်၊ အခုနောက်ပိုင်း ပြန်စာမလာတော့ဘူး၊ နောက် ဒီဘက်ကတော့ တိုင်စာတင်ထားပြီး ဘာမှမထူးဘူး ဘာညာ complain တတ်လာတာပေါ့” ဟု ဦးအောင်ကျော်သူက ပြောသည်။

    တိုင်ကြားစာအရ နစ်နာသူများအား မည်သည့်ဌာနနှင့်သက်ဆိုင်ကြောင်း၊ မည်သည့်ကိစ္စမျိုးအား စီစစ်ထားမှုမှန်ကန်မှုရှိမရှိ၊ သက်ဆိုင်ရာအစိုးရအဖွဲ့သို့ မည်သို့ဆောင်ရွက်ထားမှုရှိသည်ကို မေးမြန်းထားခြင်းဖြစ်ပြီး အစိုးရဘက်မှ ပြန်လည်အကြောင်းမကြားသော်လည်း မိမိတို့ကော်မတီမှ လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ထားပေးကြောင်း ဦးအောင်ကျော်သူက ဆက်ပြောသည်။

    သို့ရာတွင် အစိုးရထံမှ ပြန်စာမရောက်သည့်အတွက် အချိန်ကြံ့ကြာမှုများနှင့် ဖြေရှင်းရန် အခက်အခဲရှိနေကြောင်း၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပုဂ္ဂလိကလုပ်ငန်းများ၊ အများပြည်သူအကျိုးအား တိုက်ရိုက်ထိခိုက်စေနိုင်သည့်ကိစ္စရပ်များအ ဦးစားပေဆောင်ရွက်ခဲ့ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်နှင့်ချိတ်ဆက်နေသော တိုင်စာများကို ဆောင်ရွက်မရသည့်အတွက် မှတ်တမ်းအဖြစ် ထားရှိပေးကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။

    “ဒေသတစ်ခုကို ကျွန်တော်တို့ကွင်းဆင်းပြီးလို့ အစီရင်ခံပို့လိုက်တာပဲဖြစ်ဖြစ် လွှတ်တော်ဥက္ကဋ္ဌက ပို့လိုက်တာပဲဖြစ်ဖြစ် အစိုးရရုံးကနေပြီးတော့ ဘာလုပ်ထားတာ အကြောင်းပြန်ကြားစာမရောက်လာရင် မသိရတော့ အခက်အခဲဖြစ်တယ်” ဟု တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဇော်ထူးက ပြောသည်။

    အစိုးရဘက်မှ ပြန်စာမလာပါက မိမိတို့ကိုယ်တိုင် ကွင်းဆင်းပြီးလေ့လာရကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌသို့ အစီရင်ခံစာပြန်တင်ရပြီး လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဖန်အစိုးရအဖွဲ့သို့ အကြောင်းပြန်စာပေးပို့ရသည့်အတွက် အချိန်မကြံ့ကြာသင့်ဘဲ ကြံ့ကြာနေရကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၅ နှစ်သက်တမ်းအတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း ၁၆၆၁ စောင်ရှိခဲ့ကြောင်း၊ အဆိုပါ တိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြားစာ ၃၇၀ စောင်ကို ဖြေရှင်ပေးနိုင်ခဲ့ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts