spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားများ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်

    တိုင်းရင်းသားများ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်

    -

    မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်ပေါင်းစုံက ဦးဆောင်ပြီး တိုင်းရင်းသားများ ပူးပေါင်းပါဝင်သည့် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ဖော်ဖေဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့သည်။

    ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ ထားဝယ် စသည့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့ကြီးများနည်းတူ မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်တွင်လည်း ကျင်းပခြင်း ဖြစ်သည်။

    မော်လမြိုင် ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ(Facebook)
    မော်လမြိုင် ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ(Facebook)

    နိုင်ငံတော်၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းအဖြေရှာဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုကို ပြုလုပ်ကြခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ပွဲ နှိုးဆော်စာတွင် ပါရှိသည်။

    ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတစ်ဦး ဖြစ်သည့် မင်းအောင်မွန် က “တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာ တွေ့ရတယ်။ စစ်ပွဲဖြစ်ရင် ဒေသခံတိုင်းရင်းသားအများစုက စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကြရတယ်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်သွားနိုင်ဖို့အတွက် ငြိမ်းချမ်းရေး လိုအပ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် ဒီပြည်သူ့ဆန္ဒ ထုတ်ဖော်ပွဲကို ကျင်းပတာပါ” ဟု ပြောသည်။

    မော်လမြိုင်မြို့ ဆန္ဒထုတ်ဖော်ပွဲကို မြို့မတံတားထိပ် ကွင်းပြင်စုရပ်မှ စတင်ကာ အောက်လမ်းမကြီးအတိုင်း ချီတက်ရာ လမ်းတလျှောက်တွင် ပြည်တွင်းစစ် ရပ်တန့်ရေး ဒို့အရေး၊ စစ်အသုံးစရိတ် လျှော့ချရေး ဒို့အရေး၊ စစ်ဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီခွင့်ရရေး ဒို့အရေး၊ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စတင်ကြေငြာပေးရေး ဒို့အရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ဆန္ဒဖော်ထုတ်ပွဲတွင် မြို့နယ် ၁၀ မြို့နယ်မှ မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားပေါင်းစုံ ၁၅၀ဝ ဦးဝန်းကျင် ပါဝင်ခဲ့ကြပြီး၊ သံလွင်ဥယျာဉ်ရှိ ဗိုလ်ချုပ်ရုပ်တု ရှေ့တွင် ချီတက်မှုကို အဆုံးသတ်ကာ တိုင်းရင်းသား ကိုယ်စားလှယ်အသီးသီးတို့က ငြိမ်းချမ်းရေးအတွက် ဟောပြောခြင်း၊ ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

    ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတစ်ဦး ဖြစ်သည့် ဒေါ်ဇွန်ပန်း က “ငြိမ်းချမ်းရေး အဓွန့်ရှည်ဖို့ နိုင်ငံရေးကိစ္စတွေကို လက်နက်နဲ့ ဖြေရှင်းတာက နည်းလမ်းမှန် မဟုတ်ဘူး။ ဒါတွေကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့အတွက် စစ်ပွဲတွေရပ်ဖို့ကိစ္စကို ပြောရခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

    လက်ရှိတွင် ရှမ်းနှင့် ကချင်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး၊ ထိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ တိုးများလာလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks