spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည်

    မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည်

    -

    နိုင်ငံတော်၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်နှင့် နိုင်ငံရေး ပဋ္ဋိပက္ခများကို နိုင်ငံရေး နည်းဖြင့် ညှိနှိုင်းအဖြေရှာဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများကြီးမှူးကျင်းပသည့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲကို ကန်းနားလမ်း မြို့မတံတားထိပ်စုရပ်မှ သံလွင်ဥယျာဉ်အထိ နံနက် ၈ နာရီခွဲမှ ၁၂ နာရီအထိ ချီတက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများ၊ ဒေသခံလူငယ်အဖွဲ့များ၊ တက္ကသိုလ်ကျောင်းသားအဖွဲ့များအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ဝ ကျော်၊ ကြွေးကြော် အသံများနှင့်အတူ ချီတက်ဆန္ဒ ထုတ်ဖော်သွားမည်ဟု ဦးဆောင်ကျင်းပသူက ဆိုသည်။

    ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုအတွက်တိုက်တွန်းနှိုးဆော်ချက်(Copy)

    ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ ကျင်းပရေးကော်မတီခေါင်းဆောင် နိုင်အောင်မွန်က “ ဒီကနေ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာ တွေ့ရပါတယ်၊ စစ်ပွဲဖြစ်ရင် ဒေသခံတိုင်းရင်းသားအများစုက စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာခဲ့တယ်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်သွားဖို့အတွက် ငြိမ်းချမ်းရေးလိုအပ်တယ်ပေါ့နော်၊ ငြိမ်းချမ်းဖို့ဆိုရင် တိုင်းရင်းသားတွေနဲ့ အပေးအယူမျှတ ဖို့နဲ့ NCA လက်မှတ်ရေးထိုးရေးကိစ္စမှာလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးမယ့် အခန်းကဏ္ဍတစ်ခုလည်း လိုအပ်တဲ့အတွက် ဆန္ဒထုတ်ဖော်ပွဲကျင်းပဖို့ စီစဉ်ဖြစ်တာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲတွင် ငြိမ်းချမ်းရေးသီးချင်းများ၊ ကဗျာစာသားများအပါအဝင် ငြိမ်းချမ်းရေးအကြောင်းကို အခြေခံ၍ တိုင်းရင်းသားအလိုက် ကိုယ်စားလှယ် တစ်ဦးချင်းစီ ဟောပြောသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မွန်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံကြပြီး ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန် ဦးဆောင်အဖွဲ့ဝင် ကော်မတီ ၁၅ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူ စောမျိုးမြင့်လှိုင်က “ အဓိကကတော့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားအားလုံးက လိုလားကြတယ်၊ အထူးသဖြင့် ကျနော်တို့ ကရင်မှာ ပိုပြီးတော့ထိတာများတယ်လေ၊ အခုချိန်အထိ တိုက်နေတုန်းပဲ၊ ဒီမိုကရေစီလမ်းကြောင်းတော့ သွားနေပေမယ့် စစ်တွေက မပြီးသေးဘူးဆိုတော့ ဒါဟာ ကျနော်တို့အတွက် မလိုအပ်ဘူးပေါ့နော်၊ အကုန်လုံးကို ငြိမ်းချမ်းစေချင်လို့ပဲ အခုလို လာပြီး ပူးပေါင်းတယ်ပေါ့နော်” ဟုပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးဒေသခံများကလည်း စစ်ပွဲမလိုအပ်သည့်အကြောင်းကို ပြသသည့်အနေဖြင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အောက်တိ်ုဘာလ (၂၁-၂၂) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) ၏ နှစ်ပတ်လည်နေ့တွင် မြန်မာနိုင်ငံ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကိုဆွေးဆွေးမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် မှ အမျိုးသမီးကိုယ်စားလှယ်ပေါင်း (၉၄) ဦးတက်ရောက်ခဲ့ပြီး တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks