spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူတစ်သိန်းနှစ်သောင်းကျော်ရှိ

    ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူတစ်သိန်းနှစ်သောင်းကျော်ရှိ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးပိုင် ခွင့်ရှိသူ ၁၂၅,၉၃၄ ဦးရှိရာ လက်ရှိတွင် ပြည်ပရောက်မဲဆန္ဒရှင်ဦးရေ စာရင်းပေးသွင်းထားသူ ၄ ဦးသာ ရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

    ၂၀၁၅ မဲစာရင်းဦးရေ (၁၂၆,၅၀၄) ကိုအခြေခံ၍ တစ်အိမ်တက်ဆင်း (Door to Door) ကောက်ခံရာတွင် မဲဆန္ဒရှင်အမည်စာရင်း ထပ်နေခြင်း၊ သေဆုံးသူများကို စာရင်းမှ ပယ်ဖျက်ရခြင်းကြောင့် မဲစာရင်းအနည်းငယ် ကွာဟမှု ရှိနေကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က မွန်သတင်းအေဂျင်စီ သို့ပြောကြားခဲ့သည်။

    ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(MNA)
    ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဌ ဦးထွန်းရီ က “ အခုတစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း လိုက်ကောက်တဲ့အခါကျတော့ ကော့မုပွန်ကျေးရွာမှာ စာရင်းတွေ နှစ်ခါထပ်နေတယ်၊ အိမ်ခြေ သုံးထောင်မှာ အိမ်ခြေ နှစ်ထောင်က စာရင်းထပ်နေတာရှိတယ်၊ အခု ကောက်ခံထားတဲ့စာရင်းအရ မဲဆန္ဒရှင်ဦးရေ ၅၇၀ လောက်လျော့နေတယ်” ဟုပြောသည်။

    လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ မဲရုံများတွင် မဲဆန္ဒရှင်စာရင်းကြေငြာအသီးအသီးကပ်ထားမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် အမည်စာရင်း မှားယွင်းမှုရှိပါက မဲရုံစောင့်သူများကို ချက်ချင်းအကြောင်းကြားပြီး ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ချောင်းဆုံမြို့နယ် မဲဆန္ဒရှင် ဦးလှထွန်း က “ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေသခံ တစ်ယောက်အနေနဲ့ ပါတီကို မကြည့်ပါဘူး၊ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကိုကြည့်ပြီးမဲပေးသွားမယ်၊ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး ဆင်းတဲ့အခါကျမှ ဘယ်ပါတီက ကိုယ်စားလှယ်လောင်းကို မဲပေးသင့်လဲဆိုတာ စဉ်းစားဆုံးဖြတ်သွားမယ်” ဟု ပြောသည်။

    ဇန်နဝါရီ ၂၈ ရက်နေ့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ နှင့်တွေ့ဆုုံပြီး ပါတီ ၅ ခုမှ မဲဆွယ်စည်းရုံးရေး ဆင်းရာတွင်လွယ်ကူစေရန် စည်းရုံးရေးဆင်းမည့်နေ့ရက်များကို ညှိနှိုင်းသွားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

    ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်မြေတွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD, မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, ပြည်ထောင်စုကြံ့ခိ်ုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ – တစညပါတီတို့မှ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် တာဝန်ထမ်းဆောင်ရသဖြင့် အဆိုပါမဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်း လစ်လပ်နေခြင်း ဖြစ်သည်။

    ချောင်းဆုံမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၇,၂၄၉ ဦးရှိသည့်အနက် ၅၆၅၇၃ ဦးမဲပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks