spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျန်တိုင်းရင်းသားလက်နက်ကိုင်များ NCA ထိုးနိုင်ရေး ပိုမိုလမ်းဖွင့်ပေးရန် ကရင်လူမျိုးများ တောင်းဆို

    ကျန်တိုင်းရင်းသားလက်နက်ကိုင်များ NCA ထိုးနိုင်ရေး ပိုမိုလမ်းဖွင့်ပေးရန် ကရင်လူမျိုးများ တောင်းဆို

    -

    ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မပြုလုပ်နိုင် သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး NCA တွင် အမြန်ဆုံးပါဝင်လက်မှတ်ထိုးနိုင်ရန်အတွက် အစိုးရ၊ တပ်မတော်မှ ပိုမိုလမ်းဖွင့်ပေးရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် တောင်းဆိုကြောင်း ကရင်လူမျိုးများ၏ ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပအပြီး ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

    ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်လူမျိုးများအားလုံးအပါအဝင် တိ်ုင်းရင်းသားလူမျိုးများ၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်သားများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အတူတကွပါဝင်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြင့် သမိုင်းမော်ကွန်းတင်ပါစေကြောင်း ထိုဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာခဲ့သည်။

    ကရင်လူမျိုးများ၏ ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲထုတ်ပြန်ချက်(Copy)

    “NCA မှာ အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက်ကို အစိုးရနဲ့ တပ်မတော်တို့က ဖြစ်နိုင်တဲ့နည်း၊ အဲ့ဒီ နည်းမျိုးစုံနဲ့ စဉ်းစားပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ပြန်ပြီးပေါ်ပေါက်နိုင်ရေး၊ ဖြစ်ပေါ်နိုင်ရေးအတွက် ယူဆတယ်၊ ဒါကြောင့်မို့ ဒီအချက်ကို ထည့်သွင်းထားရတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး KNU တွဲဘက်အတွင်းရေးမှူး-၂ ပဒိုမန်းမန်းမန်းက ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ကရင်လူမျိုးတစ်မျိုးတည်း သွားရန် မဖြစ်နိုင်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုတွင် အားလုံးပါဝင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အားလုံး NCA လက်မှတ်ရေးထိုးနိုင်ရန် တပ်မတော်ဘက်မှ သဘောထားကြီးပြီး အစိုးရဘက်မှလည်း အခွင့်အလမ်းပိုမိုဖွင့်ပေးရန် မျှော်လင့်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

    “ကျတော်တို့ ငြိမ်းချမ်းရေးကိုရဖို့ အနှစ် (၆၀) ကြာ တိုက်ပွဲဝင်ခဲ့ရတယ်၊ ပေးဆပ်မှုတွေလည်း အများကြီးရှိခဲ့တယ်၊ အဲဒီအထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှူံးမှုတွေ၊ နစ်နာမှုတွေ ပေးဆပ်ခဲ့တာ ဝနေပြီး၊ အခုဆရာတော်တို့ ငြိမ်းချမ်းသောနည်းလမ်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ပြီး စတင်လျှောက် လှမ်းနေတာဖြစ်ပါတယ်၊ ငြိမ်းချမ်းမဲ့ဖက်ဒရယ်ပြည်ထောင်စုကိုရဖို့ ဆက်လက်ကြိုးစားရအုန်းမှာပါ” ဟု တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

    ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) ကို ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ဇန်နဝါရီ (၁၈ မှ ၂၀) ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

    ဆွေးနွေးပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ၊ ကရင်နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင်လူမျိုးများ နေထိုင်ရာ ဒေသ (၉) ဦးခုတို့မှ ကိုယ်စားလှယ်များ၊ ကရင်လူမှု့အဖွဲ့အစည်းများ၊ ကရင်အမျိုးသမီးများ၊ ကရင်လူငယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ကရင်တတ်သိပညာရှင်များ၊ အထူးဖိတ်ကြားခံရသော နိုင်ငံတော်အစိုးရအကြီးအကဲများ၊ နှင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာသံတမန်များ စုစုပေါင်း (၆၀ဝ) ဦးကျော်တက်ရောက်ဆွေးနွေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks