spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့ကျင်းပရေး မွန်ပြည်နယ်အစိုးရငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်

    မွန်အမျိုးသားနေ့ကျင်းပရေး မွန်ပြည်နယ်အစိုးရငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်

    -

    လာမည့် ဖေဖော်ဝါရီလ (တပို့တွဲလပြည့်ကျော် ၁ ) ရက်နေ့တွင် ကျရောက်သည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့က ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ငွေကျပ်သိန်း ၁၅၀ သိန်း ထောက်ပံ့မည်ဟု ဆုံးဖြတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    “ဒီနေ့ကပ်ဘိနပ်အစည်းဝေးမှာပဲ မွန်အမျိုးသားနေ့အတွက် သိန်း ၁၅၀ ထောက်ပံ့မယ် ဆိုတာ သဘောတူခဲ့တယ်။ ကရင်နှစ်သစ်ကူးနေ့လိုပဲ မွန်အမျိုးသားနေ့မှာလဲ ထောက်ပံ့သင့် တယ်ဆိုပြီး အားလုံးကသဘောတူခဲ့တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်အား မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီဝင်များ သွားရောက်တွေ့ဆုံခဲ့စဉ်(MNA)
    အဆိုပါထောက်ပံ့ငွေးအား မည်သည့်နေရာတွင် မည်သည့်ခေါင်းစဉ်ဖြင့် သုံးစွဲရမည်ကို အစီရင်ခံစာတင်သွင်းရမည်ဖြစ်ကြောင်း ဒေါက်တာမင်း ကြည်ဝင်းက ဆက်ပြောသည်။

    မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှုး မိစန္ဒာနွန် က “မွန်ပြည်နယ်အစိုးရအဖွဲ့ က ထောက်ပံ့တဲ့ငွေကို ဗဟိုအတွက်ပဲသက်သက်မသုံးဘူး။ ဗဟိုနဲ့ မြို့နယ်တွေကြားမှာ ညီညွတ်မှုကိုဖော်ဆောင် နိုင်ဖို့အတွက် ထောက်ပံ့ငွေကို ၁၀ မြို့နယ်လုံး ဝေမျှသွားမယ် ” ဟု ဆိုသည်။

    မွန်ပြည်နယ်အစိုးရမှထောက်ပံ့ငွေများအား အစိုးရ၏လုပ်ငန်းစဉ်အရ မွန်ပြည်နယ်အတွင်းမှာသာ သုံးစွဲရသည့် အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအား ဝေမျှသွားရန်မဖြစ်နိုင်ကြောင်း၊ အစိုးရထောက်ပံ့ငွေများအား မည်ကဲ့သို့သုံးစွဲမည်ကို မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မိစန္ဒာနွန်က ဆက်ပြောသည်။

    ယခုနှစ်တွင်ကျရောက်သည့် ၇၀ ကြိမ်မြောက် မွန်အမျိုးသားကျင်းပရေးဗဟိုအဆင့်ကို ကျိုက်မရောမြို့ပေါ်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

    အလားတူ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ (ပြာသိုလဆန်း ၁)ရက်နေ့တွင် မွန်ပြည်နယ်၊ ၁၀ မြို့နယ်အတွင်းရှိ ၇၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ ကျပ် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks