Saturday, April 11, 2026
More
    spot_img
    Homeသတင်းဆင်ခြေထောက်ရောဂါဆေးတိုက်ကျွေးပါက စိုးရိမ်မှုမရှိရန်တိုက်တွန်းနှိုးဆော်

    ဆင်ခြေထောက်ရောဂါဆေးတိုက်ကျွေးပါက စိုးရိမ်မှုမရှိရန်တိုက်တွန်းနှိုးဆော်

    -

    ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း လာမည့် ဇန်နဝါရီလ (၂၀ မှ ၂၉) ရက်နေ့အထိ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင် ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများမစိုးရိမ်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှ တိုက်တွန်းနှိုးဆော်လိုက်သည်။

    အဆိုပါ ဆင်ခြေထောက်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိသည့် ဒေသများ နေထိုင်သူအားလုံးကို တစ်နှစ်လျင် တစ်ကြိမ် (၅) နှစ်ဆက်တိုက် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံများရှောင်ဖယ်မှုရှိနေကြောင်း ဇန်နဝါရီလ (၁၇) ရက်က ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ကျင်းပသည့် “ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း အသိပညာပေး ရှင်လင်းပွဲ” ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဆင်ခြေထောက်ရောဂါကင်းဝေးရေး အသိပညာပေး ရှင်လင်းပွဲ(MNA)
    ပြည်နယ်ပြည်သူ့ကျန်မားရေးဦးစီးဌာန ဒုဦးစီးမှုး ဒေါက်တာဉာဏ်ဆင့်က “ ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ဆင်ခြေထောက်ရောဂါ ကာကွယ်ဖို့ ၃ နှစ်ဆေးကျွေးခဲ့ပြီးပြီးပေါ့နော်၊ ဒီသုံးနှစ်အတွေ့အကြုံထဲမှာ တစ်ချို့ဒေသခံတွေက ဆေးမသောက်တာများတယ်၊ တစ်ချို့လူကျတော့လည်း ဘာရောဂါမှ မရှိဘူးဆိုပြီးတော့ မသောက်ဘူး၊ နောက်တစ်ခုပြောနေတာက ဒီဆေးသောက်ရင်သေနိုင်တယ်လို့ အမျိုးမျိုးကြားရတယ်” ဟုပြောသည်။

    ကျန်းမာရေးဌာနမှ လာရောက်ဆေးတိုက်ကျွေးပါက ဒေသခံပြည်သူများ ဆေးကို ချန်လှပ်ထားခြင်း မပြုဘဲ ချက်ချင်းသောက်စေလိုကြောင်း၊ ၄င်းဆေးသောက်ပါက ဆင်ခြေထောက်ရောဂါပိုး မကူးစက်နိုင်တော့ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်မှု မရှိကြောင်း ၄င်းက ဆက်ပြောသည်။

    အဆိုပါဆေးပြားကို အသက် (၂) နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါတစ်ခုခုကြောင့် အိပ်ယာထဲ လဲနေသူ နှင့် ဆေးသောက်နေရသူများမှလွဲ၍ ကျန်လူအားလုံး သောက်သုံးနိုင်ပြီး အသက် ၂ နှစ်မှ ၅ နှစ်တွင် အယ်ဘန်ဒါဇိုး ဆေးပြား ၁ ပြား၊ ဒီအီးစီ ဆေးပြား ၁ ပြား၊ အသက် ၆ နှစ် မှ ၁၄ နှစ်ထိ အယ်ဘန်ဒါဇိုး ဆေးပြား ၁ ပြား၊ ဒီအီးစီ ဆေးပြား ၂ ပြား၊ အသက် ၁၄ နှစ်အထက် အယ်ဘန်ဒါဇိုး ဆေးပြား ၁ ပြား နှင့် ဒီအီးစီ ဆေးပြား ၃ ပြား သောက်ရမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားထားသည်။

    ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုညွန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင် က “ ဆင်ခြေထောက် ရောဂါဟာ ခြင်ကနေတစ်ဆင့် ဖြစ်ပွားတဲ့ရောဂါဖြစ်တယ်၊ ဘာလို့ ဒီဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးလဲဆိုတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆင်ခြေထောက်ရောဂါပိုး ကူးစက်ခံနေရတဲ့သူတွေ ရှိတယ်၊ ကျန်းမာရေးဌာနအနေနဲ့ ၂၀၂၀ ခုနှစ်မှာ ဆင်ခြေထောက်ရောဂါ လုံးဝမရှိအောင် ဆက်လက်ဆောင်ရွက်နေတယ်” ဟုပြောသည်။

    မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ၂၀၁၃ ခုနှစ်တွင် ၈၉ ရာနှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈၈ ရာနှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၉၁ ရာနှုန်းအထိ တိုက်ကျွေးနိုင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks