spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဘီလူးကျွန်း 66 KV ဓာတ်အားလိုင်းနစ်နာမြေယာများအတွက် လျော်ကြေးပေးမည်

    ဘီလူးကျွန်း 66 KV ဓာတ်အားလိုင်းနစ်နာမြေယာများအတွက် လျော်ကြေးပေးမည်

    -

    မော်လမြိုင်-ချောင်းဆုံ(ဘီလူးကျွန်း) သို့ 66 KV ဓာတ်အားလိုင်း သွယ်တန်းရာတွင် မြေယာထိခိုက်နစ်နာသွားသူများအား လာမည့် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဋ္ဌာနမှ နစ်နာကြေးလာရောက်ပေးအပ်မည်ဟု မွန်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်လျှပ်စစ်အင်ဂျင်နီုယာမှူး ဦးသက်ပို်င်မျိုး ထံမှသိရသည်။

    အဆိုပါလျှပ်စစ်ဓာတ်အားလိုင်း ဖြတ်သန်းသွာရန်တလျှောက် ချောင်းဆုံဒေသဘက်မှ လယ်ယာမြေပိုင်ရှင် (၉၃) ဦးအတွက် နစ်နာကြေးပေါင်း ကျပ် (၁၇၇) သိန်း၊ မော်လမြိုင်ဘက်မှ ခြံမြေပိုင်ရှင် (၁၇) ဦးအတွက် နစ်နာကြေးပေါင်း ကျပ် (၂၇၄) သိန်း ကို ပေးအပ်သွားမည်ဟု ဆိုသည်။

    တာဝါတိုင်ဆောက်လုပ်သည့် မြေနေရာ(MNA)

    “ဋ္ဌာနဆိုင်ရာနိုင်ငံတော်ရဲ့ဘတ်ဂျက်ကို သုံးစွဲတဲ့အခါမှာ ဆင့်ကဲဆင့်ကဲ တင်ပြပြီးမှ ဆောင်ရွက်ရတဲ့ကိစ္စ၊ တောင်းခံပြီးမှ လုပ်ရတဲ့ကိစ္စဆိုတော့ လုပ်ငန်းစဉ်တွေက နည်းနည်းများတယ်ပေါ့၊ ကနဦးစမယ်ဆိုလို့ရှိရင် လျှော်ကြေးငွေကို သတ်မှတ်မယ့်နေရာမှာလဲ ပါသေးတာပေါ့၊ စာရင်းကောက်ရတာလည်းတစ်ပိုင်းဆိုတော့ အချိန်က ကြံ့ကြာတတ်ပါတယ်၊ အချိန်တွေကြံ့ကြာလို့ပဲ ဒီနှစ်ဦးစားပေးချပေးဖို့ အထပ်ထပ်စာတွေတင်နေတာ” ဟု ဦးသက်ပိုင်မျိုးက ပြောသည်။

    ထိုသို့နစ်နာကြေးများတောင်းဆိုရာတွင် မော်လမြိုင်နှင့်ချောင်းဆုံမှ နစ်နာသူ (၁၀၀) ဦးတင်ပြခဲ့ပြီးမှ ကျန်ရစ်သူ (၆)ဦး ထပ်မံပေါ်ပေါက်ကြောင်း၊ အဆိုပါကျန်ရစ်သူ (၆) ဦးအတွက် နောင်လာမည့်နှစ်တွင် လျော်ကြေးငွေချပေးနိုင်ရန် ထပ်မံတောင်းဆိုသွားမည်ဟု ဦးသက်ပိုင်မျိုးက ဆက်ပြောသည်။

    ချောင်းဆုံမြို့သို့ လျှပ်စစ်မီးသွယ်တန်းရန်အတွက် (၂၀၁၅) ခုနှစ် အောက်တိုဘာ (၂၄) ရက်နေ့တွင် တာဝါတိုင်များ စတင်တည်ဆောက်ခဲ့ရာ အောက်တိုဘာ (၂၈) မှစ၍ ချောင်းဆုံလယ်ပိုင်ရုင်များက နစ်နာကြေးကို တောက်လျှောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “အစမှာ လျှောကြေးပေးဖို့ သဘောတူထားတာရှိတယ်၊ ဒါမဲ့ကြာနေတယ် ဘာလို့လဲ ကျွန်တော်မေးကြည့်တော့ ဒီအတွက် ငွေတွေမတွက်ချက်ထားရလို့၊ အခုတွက်ချက်ပြီး လျော်ကြေးပေးတော့မယ်လို့ ကျွန်တော်ကိုအကြောင်းပြန်ထားတယ်” ဟု ပြောသည်။

    ယခု ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဋ္ဌာနမှ နစ်နာကြေးပေးသည့် ငွေပမာဏသည် ထိခိုက်သွားသော လယ်ပိုင်ရှင်၊ မြေပိုင်ရှင်တို့အတွက် နစ်နာမျှတမှုမရှိခဲ့လျှင်လည်း သူ့အနေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရာမှ ထိခိုက်သွားသော မြေယာများအတွက် လျှော်ကြေးပေးမှုသည် ရေးမြို့နယ် ပထမအကြိမ်ဖြစ်ပြီး ယခု မော်လမြိုင်-ချောင်းဆုံ သည် ဒုတိယအကြိမ်လျှော်ကြေးပေးခဲ့ကြောင်း သိရသည်။

    နောင်လာမည့်ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစီမံကိန်းဋ္ဌာနမှ မော်လမြိုင်-မြဝတီနှင့် မော်လမြိုင်-သံဖြူဇရပ် တစ်လျှောက် 66 KV ဓာတ်အားလိုင်း ထပ်မံတည်ဆောက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts