spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်သဲချောင်းစခန်းကို KNU တပ်ဖွဲ့လာရောက်ပစ်ခတ်

    မွန်ပြည်သစ်သဲချောင်းစခန်းကို KNU တပ်ဖွဲ့လာရောက်ပစ်ခတ်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြိုနယ်အတွင်းရှိ သဲချောင်းအခြေစိုက်မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ရုံးကို ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် KNU တပ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

    သဲချောင်းစခန်း၌ ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် သဲချောင်းနှင့် တောလဝီ(စိုက်ပျိုးရေး) ခြံများကြား ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    KNU နှင့် NMSP ခေါင်းဆောင်များညှိနှိုင်းခဲ့စဉ်(NMSP)

    KNU နှင့် NMSP ခေါင်းဆောင်များညှိနှိုင်းခဲ့စဉ်(NMSP)
    မွန်ပြည်သစ်အရာရှိက “ဒီနေ့မနက်စောစောပိုင်းမှာ သူတို့(KNU) လက်နက်ကြီးအချက် ၄၀ လောက် ပစ်ခတ်ခဲ့တယ်၊ စခန်းရုံးအဆောက်အဦးပျက်စီးသွားတယ်” ဟု ဆိုသည်။

    အဆိုပါပစ်ခတ်မှုများတွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်အနက် တစ်ဦးကိုဆေးရုံပို့ရမည့်အနေအထားရှိသည်ဟု မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ သိရသည်။

    အဆိုပါဖြစ်စဉ်တွင် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ မှပူးပေါင်းတပ်ဖွဲ့အင်အား ၄၀ ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှ မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

    အဆိုပါ သဲချောင်းစခန်းသည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် (ပြည်နယ်/ပြည်ထောင်စု၂၀၁၂ ခုနှစ်) အရ မွန်ပြည်သစ်ပါတီ တပ်တည်နေရာ ၁၈ ခုအနက် အမှတ် ၂ တပ်ရင်းတည်နေရာ ရေဖြူမြို့နယ် ကင်းချောင်းဖျားဒေသဖြစ်သည်ဟု သိရသည်။

    KNU အနေဖြင့် အစိုးရနှင့်ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးဖြစ်သည့်အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း တပ်တည်နေရာနယ်မြေများ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။

    KNU တပ်မဟာ ၄ တပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်နှောင်းပိုင်းအတွင်း မွန်ပြည်သစ်ပါတီတပ်တည်စခန်းသို့ ၄ ကြိမ် နယ်မြေကျူးကျော်ရောက်ရှိလာပြီး ပစ်ခတ်ထိတွေ့မှုများဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

    မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်အရုံး (KNU) တို့၏ ရေဖြူမြို့နယ်ရှိ လက်အောက်ခံတပ်ဖွဲ့များအကြား စစ်ရေးပဋိပက္ခ ထပ်မံမဖြစ်ပွားရန်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နယ်မြေတာဝန်ခံ (၃) ဦးစီ ပါဝင်သည့် ဆက်သွယ်ရေးကော်မတီတစ်ရပ်ကို တွေ့ဆုံညှိနှိုင်းပြီး ဖွဲ့စည်းခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks