spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အတွင်း သတ်မှတ်စည်းကမ်းမလိုက်နာသည့်ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်

    မွန်ပြည်နယ်အတွင်း သတ်မှတ်စည်းကမ်းမလိုက်နာသည့်ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ ဘေးတွဲဆိုင်ကယ်များ သတ်မှတ်စည်းကမ်းချက် မလိုက်နာပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

    ပြည်နယ်အစိုးရအဖွဲ့မှ ဆိုင်ကယ်ဘေးတွဲယာဉ်များကို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်ခြင်းမပြုစေရန်နှင့် တက်ရောက်မောင်းနှင်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူရန်နှင့် ဆိုင်ကယ်ဘေးတွဲ ထုတ်လုပ်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူရန်ဆိုသည့် စည်းကမ်းချက် ၂ ချက် သတ်မှတ်ထားခြင်း ဖြစ်သည်။

    ဘေးတွဲဆိုင်ကယ်များ(Myanmaalinn facebook)
    “ဘေးတွဲဆိုင်ကယ်တွေက အန္တရယ်ရှိလို့ ဥပဒေနဲ့ မညီတဲ့ ယာဉ်ဖြစ်တဲ့အတွက် ကျနော်တို့ဖမ်းမယ်။ ဆိုင်ကယ်ဘေးတွဲတွေကို တပ်ဆင်ပေးတဲ့ ဆိုင်ကယ်ပြင်ဆိုင်တွေကိုပါ အရေးယူမယ်“ ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး(မွန်) မှ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူး ကျော်သူက ပြောသည်။

    ဘေးတွဲဆိုင်ကယ်များကြောင့် ယာဉ်အန္တရာယ်များပပျောက်သွားခြင်းမရှိဘဲ ဘေးတွဲဆိုင်ကယ်များ အသုံးပြုလျက်ရှိသဖြင့် ပြည်သူအများ ခရီးသွားလာရာတွင် ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် စည်းကမ်းချက် သတ်မှတ်ပြီး တည်ဆဲဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
    အထက်ပါ စည်းကမ်းချက်များကို မလိုက်နာသည့် ဘေးတွဲဆိုင်ကယ်များ အရေးယူမည့်အစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    မြို့နယ်များတွင် ဆိုင်ကယ်များအား ဘေးတွဲများတပ်ဆင်၍ ခရီးသည်များတင်ဆောင်ခြင်း ကုန်ပစ္စည်းများသယ်ဆောင်ခြင်းကြောင့် ယာဉ်အန္တရာယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ တင်ပြလာခြင်းအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာပေးကာလသတ်မှတ်ပြီး ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စည်းကမ်းချက် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

    ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း ဘေးတွဲဆိုင်ကယ် အမှု ၁၄၅ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ရာ သထုံမြို့နယ်အတွင်း အများဆုံးဖမ်းဆီးရမိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

    သို့ရာတွင် ဘေးတွဲဆိုင်ကယ်များအနေဖြင့် မြို့တွင်းလမ်းသွယ်များ၊ ကျေးရွာလမ်းများနှင့် ကျေးရွာချင်းဆက်လမ်းများတွင် မောင်းနှင်သွားလာနိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks