Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးလွှတ်တော်ခွင့်မပြုသည့် VIP ဧည့်ရိပ်သာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်နေဆဲ

လွှတ်တော်ခွင့်မပြုသည့် VIP ဧည့်ရိပ်သာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်နေဆဲ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ငန်းတေးရပ်ကွက် အစိုးရအိမ်ယာဝင်းအတွင်း ငွေကျပ်သိန်း၁ သောင်း ၁ ထောင်ကျော် ကုန်ကျမည့် VIP ဧည့်ရိပ်သာ ၄ ထပ်အဆောက်အဦးကို မွန်ပြည်နယ်လွှတ်တော်ခွင့်မပြုသော်လည်း ဆက်လက်အကောင်အထည်ဖော် ဆောက်လုပ်နေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “လွှတ်တော်က အဆို အတည်ပြုထားတယ်ဆိုတာ အစိုးရအဖွဲ့လည်း သိနေ တယ်၊ ဆောက်တယ်၊ မဆောက်ဘူးဆိုတာ သူတို့အပိုင်း၊ လွှတ်တော်ရဲ့ ဥပဒေအပိုင်းကတော့ VIP ဧည့်ရိပ်သာ မဆောက်ဖို့ ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေမယ့် လုပ်ငန်းဆောင်ရွက်ဖို့ အဆိုကို အတည်ပြုထား တယ်” ဟု ပြောသည်။

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(မွန်ပြည်နယ်လွှတ်တော်)
မွန်လွှတ်တော်မှ အတည်ပြုထားသည့် အဆိုထဲတွင် VIP ဧည့်ရိပ်သာ နှင့် ပြည်နယ်ဥပဒေချုပ်ရုံး မဆောက်လုပ်ဘဲ ပယ်ဖျက်ပေးရန် အပါအဝင် အဆိုပါစီမံကိန်း နှစ်ခု၏ ကုန်ကျစရိတ်မှာ ငွေကျပ်သိန်းနှစ် သောင်းကျော်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ (၄) ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်အစည်း အဝေးတွင် ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က VIP ဧည့်ရိပ် သာဆောက်လုပ်မည့်အစား ဘတ်ဂျက်ငွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုရန် အဆိုတင်သွင်း ခဲ့ပြီး ၄င်းအဆိုကို လွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ မွန်လွှတ်တော်အစည်းအဝေးရုံးခန်းမတွင် တွေ့ဆုံခဲ့ကြကာ လက်ရှိ VIP ဧည့်ရိပ်သာ ဆောက်လုပ်ဆဲဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးဆောက်လုပ်မည့်အစား ဘတ်ဂျက်ငွေကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “အဓိကကတော့ အဆောက်အဦးကို ဆောက်လုပ်ခဲ့တဲ့အနေအထားမျိုးမှာ ပြီးခဲ့တဲ့လွှတ်တော်မှာ မဆောက်ဖို့၊ ငွေကြေးကို ပြည်သူအတွက် အကျိုးပြုဖို့အတွက် လွှတ်တော်မှာ အဆိုအောင်ထားပါတယ်၊ ဒါပေမယ့် တစ်ဖက်ကလည်း VIP အဆောက်အဦးကို လက်ရှိပြည်နယ်အစိုးရအနေနဲ့ အမှန်တကယ်လိုအပ်ချက်အရ ဆောက်လုပ်နေဆဲဖြစ် တယ်၊ လွှတ်တော်က ဘယ်လိုပြန်သုံးသပ်မလဲဆိုတာ မသိနိုင်သေး” ဟုပြောသည်။

အဆိုပါ VIP ဧည့်ရိပ်သာ စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က Hexagon ကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၂ ထပ်ကျော်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts