spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲထားရှိပေးရေး ဒေသခံ ၂၀ဝ ကျော် ဆန္ဒပြ

    ဘီးလင်းမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲထားရှိပေးရေး ဒေသခံ ၂၀ဝ ကျော် ဆန္ဒပြ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကရေဝေးဆိပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ထားရှိပေးရန် ဒေသခံ ၂၀ဝ ခန့်တို့က ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ဘီးလင်းမြို့ပေါ်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

    ကျေးလက်ကျန်းမာရေးဌာနခွဲကို လမ်းပန်းဆက်သွက်ရေး ပိုမိုအဆင်ပြေပြီး အိမ်ခြေလည်း ပိုများသည့် ကရေဝေးဆိပ်ကျေးရွာတွင် မထားရှိဘဲ အိမ်ခြေနည်းပြီး လမ်းပန်းဆက်သွယ်ရေးလည်း အဆင်မပြေသည့် ဝင်းသောင်ကျေးရွာတွင် ထားရှိသည့်အတွက် ဒေသခံများဆန္ဒပြရသည်ဟု ဆန္ဒပြခေါင်းဆောင်တို့က ပြောသည်။

    ဘီးလင်းမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ပွဲ(MNA)
    “ကျေးလက်ကျန်းမာရေးဌာနခွဲကို ကရေဝေးဆိပ်မှာ ထားရှိစေချင်ပါတယ်၊ ကျနော်တို့ရွာက လူနာတစ်ယောက်ကို အခြားဆေးရုံတွေကို ပို့မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးအရ အဆင်ပြေပါတယ်၊ ဝင်းသောင်ကျေးရွာမှာဆိုရင်တော့ အခက်အခဲရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဝင်းသောင်ကျေးရွာက အပေါ်ကို တက်သွားရပါတယ်၊ ပြီးတော့ ဆေးရုံ ဆေးခန်းပြောင်းရမယ်ဆိုရင် တစ်ခါ ပြန်ဆင်းလာပြီးမှ ထပ်သွားရမယ်ဆိုတော့ အခက်အခဲတွေအများကြီးဖြစ်နိုင်ပါတယ်၊ ကျန်းမာရေးဌာနခွဲကို ကျနော်တို့ရွာမှာ ထားပေးဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုတာပါ” ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးအောင်ကိုလှက ပြောသည်။

    ဒေသခံများအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲကို ကရေဝေးဆိပ်ကျေးရွာတွင် ထားရှိပေးရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနအဆင့်ဆင့်၊ ပြည်နယ်အစိုးရအပြင် နိုင်ငံတော်သမ္မတထိ အဆင့်ဆင့် စာဖြင့်တင်ပြတောင်းဆိုခဲ့ သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ပေးခြင်းမရှိဟု ဒေသခံတို့က ပြောသည်။

    “မြေပြင်အနေအထားအရ ဝင်းသောင်ကျေးရွာကျတော့ တောင်ပေါ်မှာရှိနေတယ်ဆိုတော့ တကယ်လို့ ကိုယ်ဝန်နဲ့ မွေးဖွားမယ့် လူနာဆိုရင် မမွေးနိုင် မဖွားနိုင်ဖြစ်ရင် ပြန်ပြေးလာရမှာပေါ့၊ ကရေဝေးဆိပ်မှာဆိုရင် ဝင်းသောင်ရွာကလာမယ်ဆိုရင်လည်း မမွေးနိုင် မဖွားနိုင်ဖြစ်ရင် ဘီးလင်းကိုဆင်းမလား၊ ကျိုက်ထိုကို တက်မလား၊ လမ်းပန်းဆက်သွယ်ရေးက ကောင်းပါတယ်၊ အဲဒါကြောင့် ကရေဝေးဆိပ်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ပေးဖို ့တောင်းဆိုတာဖြစ်တယ်” ဟု ဒေသခံ ဦးကြည်ဝင်းက ပြောသည်။

    ဆန္ဒထုတ်ဖော်ကြသည့် ဒေသခံ ၂၀ဝ ခန့်တို့သည် “ဒေသခံပြည်သူအများစု ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး … ဒို ့အရေး”၊ “ဝင်းသောင်ရွာတွင် ဌာနခွဲတည်နေရာမဖြစ်စေရေ … ဒို့အရေး”၊ ကရဝေးဆိပ်ရွာတွင် ဌာနခွဲတည်နေရာဖြစ်ရေး … ဒို့အရေး”၊ “ဒေသခံများတင်ပြချက်ကို မျက်ကွယ်ပြုနေသော ကျန်းမာရေးဝန်ကြီးဌာန … အလိုမရှိ”၊ “ဒေသခံများ တင်ပြချက်ကို မျက်ကွယ်ပြုနေသော ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန … အလိုမရှိ” စသည့်ကြွေးကြော်သံများဖြင့် ဘီးလင်းမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks