Homeသတင်းအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ဆက်လက်တွေ့ဆုံဆွေးနွေးရေးတစ်ဆို့မှုဖြစ်နေ

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ဆက်လက်တွေ့ဆုံဆွေးနွေးရေးတစ်ဆို့မှုဖြစ်နေ

-

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တို့ တွေ့ဆုံ၍ ဆက်လက်ဆွေးနွေးရန် တစ်ဆို့မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

“UNFC အနေနဲ့အဆိုပြုထားတဲ့ ၉ ချက်ကလည်း ဘာမှထူးခြားမှုမရှိသေးဘူး၊ မြောက်ပိုင်းဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်၊ လောလောဆယ်တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူး” ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

UNFC နှင့် မဟာမိတ်အဖွဲ့များအစည်းအဝေး(Facebook)
လက်ရှိ NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်ရန်ကြိုးစားနေသည်ကို တွေ့မြင်နေရသော်လည်း ၂၁ ရာစုပင်လုံညီလာခံပထမ အစည်းအဝေးကာလမှစတင်၍ တိုင်းရင်းသားဒေသအတွင်း တပ်မတော်ထိုးစစ်များပိုမိုပြင်းထန်လာသည်က ယုံကြည်မှုတည်ဆောက်ရေးအတွက် သံသယပွားစရာဖြစ်နေသည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

UNFC၏ နိုင်ငံရေးဆိုင်ရာဆွေး နွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဝင်တစ်ဦးက “ဒီအပတ် ရန်ကုန်မှာတွေ့ဖို့ငြိမ်းချမ်းရေးကော်မရှင်ဘက်က ပြောလာတယ်၊ မူဘောင်ကိစ္စတွေ ပြန်ဆွေးနွေးဖို့၊ ကျနော်တို့က ချင်းမိုင်မှာပဲ တွေ့ချင်တယ်၊ ဒါကြောင့် နှစ်ဖက်တွေ့ဆုံဖို့က ခုမဖြစ်နိုင်သေးဘူး” ဟု ပြောသည်။

ရန်ကုန်မြို့၌ တွေ့ဆုံရန် အစိုးရငြိမ်းချမ်းရေးကော်မရှင် ဖိတ်ခေါ်နေသော်လည်း UNFC က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံလိုသည်ဟု ဆိုသည်။

ဇန်နဝါရီ ၅ ရက်နေ့ နောက်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် အစိုးရငြိမ်းချမ်းရေးကော်မရှင်က UNFC သို့ ဆက်သွယ်အကြောင်းကြားထားသည်ဟု အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စား လှယ်တစ်ဦးထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းအတွင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နယ်မြေ၌ ကချင် KIO၊ တအာင်း TNLA၊ ရခိုင် AA နှင့် ကိုးကန့်MNDAA တပ်ဖွဲ့များပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်တပ်နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံမည့်အစီအစဉ်ပျက်သွားကြောင်း သတင်းဌာနများက ဖော်ပြသည်။

လက်ရှိတွင် မြောက်ပိုင်းဒေသ၌ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေပြီး လေကြောင်းပစ်ကူ ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးနှင့်အတူ တပ်မတော်မြေပြင်တပ်များက ဒီဇင်ဘာလအတွင်း KIA ၏ လိုင်ဖောင်စခန်း Lai Hpawng Bum နှင့် ဂီးဒွန်စခန်း Gidon တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

2 COMMENTS

  1. Google mail မှာ Zaw gyi font ကိုသုံးရင်ပိုကောင်းမယ်ထင်ပါတယ်။ Myanmar 3 ဟာ စာရိုက်ရာမှာရော၊ဖတ်ရာမှာရော တခြားဖေါင့်တွေကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် စာဖတ်သူအများစုဟာ Myanmar 3ကို ပြန်ဖြုတ်လိုက်ကြရပါတယ်။ခု မွန်ပြည်နယ်လွှတ်တော်ဂျာနယ်ကတော့ စာလုံးတွေအားလုံး ချို့ယွင်းချက်မရှိ ဖတ်လို့ရပါတယ်။

    • ဟုတ်ကဲ့ပါ web site မှာ ဖတ်ဖို့အဆင်ပြေအောင် font embed ထည့်ထားပေးပါတယ် ရိုက်ဖို့ကတော့ကတော့ ကိုယ့်ဟာကို Unicode keyboard သွင်းပြီး လေ့ကျင့်မှရပါမယ် google ကနေ android ဖုန်းတွေထုတ်လုပ်ပါတယ် အဲဖုန်းမှာတောင်မှ unicode ထည့်ထားပေးပါတယ် ဗမာပြည်ကလူတွေ zawgyi နဲ့အသားကျတော့ ဖုန်းတွေ root ဖောက် zawgyi ပြန်သွင်းကျတယ်၊ ရှင်းပြဖို့အများကြီးရေးရမယ် unicode က အနာဂတ်အတွက် တိကျမှန်ကန်သော စာလုံး တိုင်းရင်းသားကိုယ်စားပြု code point တွေပါရှိတဲ့အတွက် မည်သည့်စက်စနစ်မဆို ဘာ ဘာသာလဲဆိုတာ တန်းသိပါတယ် အသေးစိတ် ဒီနေရာကနေ လေ့လာဖတ်ရှုနိုင်ပါတယ် http://www.myanmarlanguage.org/

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts