spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီ

    သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီ

    -

    မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သယ်သည့် သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းတည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဟု တံတားတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။

    မော်လမြိုင်မြိုဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်း ကညှော်ကျေးရွာသို့ ဆက်သွယ်တည်ဆောက်လျက်ရှိသည့် သံလွင်တံတား (ချောင်းဆုံ) သည် ခန့်မှန်ငွေတန်ဖိုး ကျပ်သန်းပေါင်း ၅၉,၈၀ဝ ဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လအကုန်တွင် ဖွင့်လှစ်ရန် လျာထားသည်။

    သံလွင်တံတား (ချောင်းဆုံ)တည်ဆောက်နေမှုအခြေအနေ(MNA)
    သံလွင်တံတား (ချောင်းဆုံ)တည်ဆောက်နေမှုအခြေအနေ(MNA)
    “တံတားက ၇၅ ရာခိုင်နှုန်းပြီးနေပြီ၊ စီမံကိန်းကြီးတစ်ခုလုံးအတွက် ဘတ်ဂျက်အပြည့်အဝရှိတယ်၊ သတ်မှတ်ကာလဖြစ်တဲ့ မတ်လကုန်လောက်မှာ ပြီးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းတာဝန်ခံ ဦးသိန်းမြင့်မွန်က ပြောသည်။

    တံတားစီမံကိန်းကြီးတစ်ခုလုံးတွင် တံတားနှင့် လမ်းတည်ဆောက်မှု နှစ်ပိုင်းရှိကာ တံတားတည်ဆောက်ရန်အတွက် ငွေကျပ်သန်းပေါင်း ၅၅,ဝ၀ဝ ကို ပြည်ထောင်စုဘတ်ဂျက်မှရရှိပြီး လမ်းတည်ဆောက်ရန်အတွက် ငွေကျပ်သန်းပေါင်း ၄,ဝ၀ဝ ကျော် ပြည်နယ်ဘတ်ဂျက်က ရရှိသည်ဟု အဆိုပါ တာဝန်ခံက ဆက်ပြောသည်။

    အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိသည့် နှစ်လမ်းသွား သံမဏိသံပေါင်ဂုံးတံတားဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) သည် မော်လမြိုင်ဘက်ကမ်း ပုမွန်ချဉ်းကပ်လမ်းမှာ ပေ ၇၅၇ ခန့်ရှိပြီး ဘီလူးကျွန်း ကညှော်ဘက်ချဉ်းကပ်လမ်းမှာ အရှည် ၁၆၉၈၀ ပေခန့်ရှိသည်။

    လက်ရှိတွင် တံတားနှစ်ဘက်ကမ်း ချင်းကပ်လမ်းများ တည်ဆောက်ပြီးစီးနေပြီ မြစ်လယ် ကုန်း ၄ ကုန်းအနက် ၂ ကုန်းခွဲ တပ်ဆင်ထားပြီးဖြစ်သည်ဟု တံတားတည်ဆောက်ရေးအဖွဲ့ (၄) ထံမှ သိရသည်။

    တံတားကို မော်လမြိုင်နှင့် ဘီလူးကျွန်းအကြား ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်၏ အကျဉ်းဆုံးနေရာကို ရွေးချယ်ထားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်ရေးအဖွဲ့ (၄) နှင့် တည်ဆောက်ရေးအဖွဲ့ (၁) တို့က တာဝန်ယူ အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိသည်။

    “တံတားပြီးသွားရင် ဘီလူးကျွန်းနဲ့ မော်လမြိုင် အချိန်တိုအတွင်း သွားလာနိုင်ပြီပေါ့ ဘီလူးကျွန်းလည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်တယ်” ဟု ဘီလူးကျွန်းဒေသခံ နိုင်မစ်က ပြောသည်။

    အဆိုပါတံတား တည်ဆောက်ပြီးစီးပါက ချောင်းဆုံ (ဘီလူးကျွန်း) ဒေသခံများ မော်လမြိုင်ဘက်ကမ်းသို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည့်အတွက် တံတားအမြန်ပြီးစီးနိုင်အောင်လည်း ချောင်းဆုံဒေသခံတို့က မျှော်လင့်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks